ရေကြည်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြသခြင်းများ ဆောင်ရွက်

ရေကြည် ဇွန် ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း(တေဇာသီရိ)ခန်းမတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လည် ၁ နာရီ ၃၀ မိနစ်အချိန်က ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ဟောပြောပွဲ၌ အ.ထ.က(ရေကြည်)မှ တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်ဝေဝေမွန်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မိုးစီစီအောင်က လူငယ်နှင့်မူးယစ်ဆေးသိကောင်းစရာများကိုလည်းကောင်း၊ ရေကြည်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူးဒေါ်နှင်းနှင်းအေးက လူငယ်နှင့်အားကစား၊ စားသုံးသူရေးရာဦးစီးမှူးဒေါ်ချယ်ရီမြင့်က လူငယ်နှင့်အစားအသောက်ဆိုင်ရာအသိပညာများကိုလည်းကောင်း အသီးသီးဟောပြောခဲ့ကြောင်း သိရှိရသည်။

ဆက်လက်၍ အားကစားပစ္စည်းပေးအပ်လှူဒါန်းခြင်းနှင့် (EIM)ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါးအစီအစဉ်ပြုလုပ်ကျင်းပရာ အဆိုပါအခမ်းအနားသို့ကျောင်းသား/သူ စုစုပေါင်း (၃၈၄)ဦးခန့် တက်ရောက်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်များ ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။

မေသန့်ဇင် ရေကြည် (ပြန်/ဆက်)