ပုသိမ်ကြီးမြို့နယ်တွင် စမ်းဝတီ သဘာဝမြေဩဇာ ထောက်ပံ့ပေးအပ်ပွဲကျင်းပ

ပုသိမ်ကြီး ဇွန် ၁၄

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရေမကျေးရွာရှိ ရိုးမမြိုင် စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းအား မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်မှ စမ်းဝတီ သဘာဝမြေဩဇာ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့က အဆိုပါကျေးရွာ၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ရိုးမမြိုင် စိုက်ပျိုးထုတ်လုပ်ရေးအသင်း၊ အသင်းပိုင်ယာမြေများ သီးနှံအထွက်နှုန်းကောင်းမွန်စေရေး၊ အသင်းကိုယ်တိုင် စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် အသင်းလက်ဝယ်အရောက် စမ်းဝတီသဘာဝမြေဩဇာများကို တာဝန်ရှိသူများက ပံ့ပိုးပေးအပ်ခဲ့ကြသည်။

 အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဦးသောင်းဋ္ဌေး၊ လက်ထောက်ညွှန်ကြားရေးမှူးဦးအောင်ဝင်း၊ မြို့နယ်ဦးစီးအရာရှိဒေါ်တင်မိုးနွယ်၊ မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်မှ အမှုဆောင်ဦးဟန်၊ စမ်းဝတီ မွေးမြူရေးနှင့်သဘာဝမြေဩဇာထုတ်လုပ်ရေး သမဝါယမအသင်းလီမီတက်မှ ဦးတင်အောင်ထွန်းနှင့် တာဝန်ရှိသူများ၊ ရိုးမမြိုင် စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်