ကန်ကြီးထောင့်မြို့နယ်တွင် အဖြူရောင်နာရေးကူညီမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ကန်ကြီးထောင့် ဇွန် ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် အဖြူရောင်နာရေးကူညီမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၂) နာရီအချိန်ခန့်က ကန်ကြီးထောင့်မြို့နယ်၊ မဟာသီရိမင်္ဂလာရာမကျောင်းတိုက်ရှိ ရွှေရတုကျောင်းဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးရဲနိုင်လွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အဖွဲ့ဝင်(၂)ဦးလှမြင့်က လုပ်ငန်းညှိနှိုင်းခြင်း အမှာစကားအားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ရဲမှူးစိုးကြည်က နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပြီး အသင်း၏နာယကဖြစ်သည့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဇင်မာဦးက အသင်း၏စတင်တည်ထောင်ခြင်းနှင့် ဖြစ်ပေါ်လာပုံသမိုင်းအား ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်ပြီး အဖြူရောင်နာရေးကူညီမှုအဖွဲ့၏ဥက္ကဋ္ဌ ဦးဇော်ဇော်အောင်က အစည်းအဝေးကျင်းပရခြင်း၏ ရည်ရွယ်ချက်များအားရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသူများမှ အကြံပြုညှိနှိုင်းဆွေးနွေးခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲဝင်(၁)၊ အဖွဲ့ဝင်(၂)နှင့် အတွင်းရေးမှူးတို့က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးအကြုံပြုခဲ့ကြပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြသည်။ အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)၊ အဖွဲ့ဝင်(၂)၊ အတွင်းရေးမှူး၊ ဌာနဆိုင်ရာများ၊ အသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)