ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီး တိုက်ကွမ်ဒိုအသင်းအား အောင်နိုင်ရေးအလံပေးအပ်

ပုသိမ် ဇွန် ၁၄

၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီး တိုက်ကွမ်ဒိုအသင်းအား အောင်နိုင်ရေး အလံပေးအပ်ပွဲအခမ်းအနားကို  ယမန်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁) တွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား ပြည်နယ်နှင့်တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အုပ်ချုပ်၊ နည်းပြ၊ အားကစားသမားများက တစ်ဦးချင်းမိတ်ဆက်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး တိုက်ကွမ်ဒိုအသင်းအုပ်ချုပ်သူက ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ပြည်နယ်နှင့်တိုင်းဒေသကြီး တိုက်ကွမ်ဒို အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုက်ကွမ်ဒိုအသင်းအား ယှဉ်ပြိုင်လူရွေးချယ်ခြင်းနှင့် နည်းစနစ်တကျ စခန်းသွင်းလေ့ကျင့်ခြင်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်း၊ တိုက်ကွမ်ဒို အားကစားနည်းသည် တိုင်းဒေသကြီးအတွက် အားထားရသည့် အားကစားနည်တစ်ခုဖြစ်ပါကြောင်းနှင့် ဆုတံဆိပ်များလည်း ရရှိခဲ့ပါကြောင်း၊ တိုင်းဒေသကြီး တိုက်ကွမ်ဒိုအသင်အား ပြိုင်ပွဲအတွေ့အကြုံရှိသူများ၊ မျိုးဆက်သစ် အားကစားသမားများဖြင့် စုဖွဲ့ထားရှိသဖြင့် ယခင်နှစ်ထက် အောင်မြင်မှုများ ပိုမိုရရှိမည်ဟု ယုံကြည်ပါကြောင်း၊  အားကစားသမားများအနေဖြင့် ကျန်းမာရေးအား အထူးဂရုပြုနေထိုင်ရန်၊ ပြိုင်ပွဲတွင်ကြိုးစား ယှဉ်ပြိုင်၍ အောင်မြင်မှုများရရှိအောင် ကြိုးစားဆောင်ရွက်ကြရန်နှင့် တိုင်းဒေသကြီး ဂုဏ်ဆောင်နိုင်သည့် အားကစားသမားများ ဖြစ်ကြပါစေကြောင်း” အားပေးအမှာ စကားပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီး တိုက်ကွမ်ဒိုအသင်းမှ တာဝန်ရှိသူများထံသို့ အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)