မိုင်းရှူး ဇွန် ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊မိုင်းရှူးမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းနှင့်ပတ်သက်ပြီး ပြည်သူများအား အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက်(၆)အချိန်က အမှတ်(၄)ရပ်ကွက်၊ ပြည့်စုံစျေးနှင့် လူစည်ကားရာနေရာများတွင် ဖြန့်ဝေခဲ့သည်။
အဆိုပါ လက်ကမ်းစာစောင်များဖြန့်ဝေရာတွင် မြို့နယ်သန်းခေါင်စာရင်းကော်မတီအဖွဲ့ဝင်များ ကြီးကြပ်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနကဝန်ထမ်းများ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများမှ လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သန်းလူ(ပြန်/ဆက်)