လှိုင် ဇွန် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်၌ ကလေးငယ်များ သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရေးအတွက် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို မြို့နယ်EOရုံးအဖွဲ့ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ စျေးဝာာဝန်ခံများပူးပေါင်း၍ ယနေ့နံနက်ပိုင်းက လှိုင်မြို့နယ် ရွှေဟင်္သာစျေးတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မိုးကြိုကာလသွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ခြင်များအလွယ်တကူပေါက်ပွားနိုင်သည့် ရေတွင်း၊ ရေကန်များ၊ ရေစည်၊ ရေပုံးများအတွင်း အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများဆောင်ရွက်ခြင်း၊ ခြင်များပေါက်ဖွားမှုမရှိစေရေးအတွက် ဘုရားပန်းအိုးများ၊ မိုးရေများတင်ကျန်နိုင်သည့် တာယာခွံ၊ ရေအိုးဟောင်းများနှင့်ဗူးခွံများတွင် ရေများတာရှည်စွာမထားနိုင်ရေး ဆောင်ရွက်ပေးကြပါရန်အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။
ညိုထွန်း(ပြန်/ဆက်)