အောင်လံ ဇွန် ၁၄
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ် ကျီရပ်ကုန်းကျေးရွာအုပ်စု၊ ဒုရင်္ဂဗိုလ်ဆိုလာလျှပ်စစ်မြစ်ရေတင် ဆာဖိုးသာစပါးစိုက်ပျိုးရိတ်သိမ်းမှုကို ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ကွင်းဆင်းခဲ့သည်။
အဆိုပါ ဆာဖိုးသာစပါးမျိုးအား စံကွက်ရိတ်သိမ်းရာ အဆင့်မြင့် စက်မှုလယ်ယာစံပြအကွက် ကွင်းအမှတ်(၂၆၄)၊ တောင်သူ ဒေါ်ချောအေး ဦးပိုင်အမှတ် (၁၀၅)၊ ဧရိယာ (၂.၀၅)၊ ၁၇ဘူး၊ စပါးအစိုထွက် (၁၃၂.၇၇)တင်း၊ တောင်သူ ဦးမြင့်သောင်း ဦးပိုင်အမှတ် (၁၀၆)၊ ဧရိယာ(၀.၇၅)၊ ၁၄ဘူး၊ စပါးအစိုထွက် (၁၀၉.၃၄)တင်း၊ တောင်သူ ဦးညီညီဝင်း၊ ဦးပိုင်အမှတ် (၁၈၄/၂)၊ ဧရိယာ(၀.၅၀)၊ ၁၃.၅၀ ဘူး၊ စပါးအစိုထွက် (၇၈.၁၀)တင်း၊ တောင်သူဦးတင်သိန်း၊ ဦးပိုင်အမှတ်(၁၈၀)၊ ဧရိယာ(၁.၃၄)၊ ၁၀ဘူး၊ စပါးအစိုထွက် (၇၈.၁၀) တင်း၊ ဒေါ်အေမီခိုင်၊ ဦးပိုင်အမှတ်(၃၀၄/၂)၊ ဧရိယာ (၀.၄၈)၊ ၁၉ဘူး၊ စပါးအစိုထွက် (၁၄၈.၃၉) တင်း၊ တောင်သူ ဦးသိန်းဝင်း၊ ဦးပိုင်အမှတ် (၃၀၈/၃)၊ ဧရိယာ(၁.၀၀)၊ ၁၉ဘူး၊ စပါးအစိုထွက် (၁၄၈.၃၉)တင်း၊ တောင်သူ ဒေါ်အေမီခိုင်၊ ဦးပိုင်အမှတ် (၃၀၇/၃)၊ ဧရိယာ (၀.၅၇)၊ ၂၀ဘူး၊ စပါးအစိုထွက် (၁၅၆.၂၀)တင်းနှုန်း ထွက်ရှိကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)