ရေနံချောင်း ဇွန် ၁၄
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ရှေးဦးပြုစုခြင်းအကြောင်း အသိပညာ ပေးဟောပြောပွဲနှင့် သရုပ်ပြခြင်းကို ယမန်နေ့က အ.ထ.က (လည်ပေါ်)ကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ရေနံချောင်းမြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးဇော်ဝင်းနိုင်က ကျန်းမာရေးနှင့် ပတ်သက်၍ အရေးပေါ် အခြေအနေများ၊ မတော်တဆထိခိုက်မှုများ ဖြစ်ပွားပါက ရှေးဦးပြုစုခြင်းဖြင့် အသက်ဆုံးရှုံးမှုမရှိစေရန် အသိပညာပေး ဟောပြောရခြင်းဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် မြို့နယ်ကြက်ခြေနီအသင်းခွဲတပ်ဖွဲ့မှူး ဦးကျော်စိန်မြက ရှေးဦးပြုစုရာတွင် လုပ်ဆောင်ရမည့်အချက်များ၊ ဆောင်ရန်ရှောင်ရန်များကို ကျောင်းသား/ကျောင်းသူများ သိရှိနားလည်စေရန် အသိပညာပေးဟောပြောပြီး ကြက်ခြေနီတပ်ဖွဲ့ဝင်များက လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)