အားကစားနှင့်ကယပညာသိပ္ပံ‌ (မုံရွာ)ကျောင်း၌ ၂၀၂၄ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနား ကျင်းပ

မုံရွာ ဇွန် ၁၄

ပြည်သူများအနေဖြင့် သစ်တောသစ်ပင်များ၏ တန်ဖိုးကို နားလည်မြတ်နိုးသည့် စိတ်ဓာတ်ဖြစ်ပေါ်စေရေးနှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ ဂေဟစနစ် ညီညွတ်မျှ တစေရေး၊ ရာသီဥတု ကောင်းမွန်ရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒအကျိုးများ ရရှိစေရေးအတွက် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ)ကျောင်းဝန်းအတွင်း၌ ၂၀၂၄ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကို ကျင်းပရာ အခမ်းအနားသို့ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယပညာသိပ္ပံ (မုံရွာ)ကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးက ဌာနဆိုင်ရာ ဝန်ထမ်းများကိုယ်စား မုံရွာခရိုင် စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ခရိုင်စီမံကိန်း ဦးစီးမှူး ဦးအေးလွင်ထံသို့ တမာပင်အား လည်းကောင်း၊ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၃) ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဦးမျိုးမြင့်ဦးက ဌာနဆိုင်ရာ ဝန်ထမ်းများ ကိုယ်စား မုံရွာခရိုင်ပညာရေးမှူး ဦးမြင့်ဆွေထံသို့ ခ‌ရေပင်အားလည်းကောင်း၊ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီးကျော်မိုးက ဌာနဆိုင်ရာ ဝန်ထမ်းများကိုယ်စားမုံရွာခရိုင် ဦးညီညီဇော်ထံသို့
ဗန်ဒါပင်အားလည်းကောင်း၊ မုံရွာ-ယင်းမာပင်ခရိုင် သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းနိုင်က ဌာနဆိုင်ရာ ဝန်ထမ်းများကိုယ်စား မုံရွာခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှူး ဒေါ်စန်းစန်းမြင့်စိန်ထံသို့ ကျွန်းပင်အားလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဝင်းက ဌာနဆိုင်ရာ ဝန်ထမ်းများကိုယ်စား မုံရွာမြို့နယ် လမ်းဦးစီးမှူး ဦးထွေးဇော်ထံသို့ မယ်ဇယ်ပျိုးပင်အားလည်းကောင်း၊ မုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှု ဆောင်အရာရှိ ဒုတိယ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းက ဌာနဆိုင်ရာ ဝန်ထမ်းများကိုယ်စား မုံရွာမြို့နယ် အ‌ကောက်ခွန်ဦးစီးဌာနမှူး ဦးသန်းနိုင်ဦးထံသို့ ပိတောက်ပင်အားလည်းကောင်း အသီးသီးပေးအပ်ကြသည်။  
ယင်းနောက် ခရိုင်စီမံအုပ်ချုပ်‌‌ရေးအဖွဲ့ ဥက္ကဋ္ဌက စိန်ပန်းပျိုးပင်အား စိုက်ပျိုးပေးပြီး ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် အားကစားနှင့်ကာယပညာသိပ္ပံ (မုံရွာ)မှ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများမှ သက်မှတ်နေရာများတွင် ပျိုးပင်များအား တပျော်တပါး စိုက်ပျိုးပေးကြပြီး မုံရွာခရိုင်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက စုပေါင်းသစ်ပင်စိုက်ပျိုးပေးနေမှုများအား လိုက်လံကြည့်ရှုအားပေးကာ တာဝန်ရှိသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။ အဆိုပါ စစ်ကိုင်းတိုင်းဒေသကြီး  ‌အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ)ကျောင်းဝန်းအတွင်း၌ ကျင်းပသော ၂၀၂၄ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်တွင် ၂ ပေနှင့် အထက် ၂ နှစ်သားအရွယ်ရှိ တပေဘူတ၊ ပိတောက်၊ မာတာကွတ်၊ ဖျောက်ဆိပ်၊ မယ်ဇယ်၊ မယ်ဇလီ၊ တမာ၊ ကျွန်း၊ ခရေ၊ စိန်ပန်း  ငုရွှေဝါဝါးမြန်မာကုက္ကိုလ်၊ စုစုပေါင်းပျိုးပင် ၃၀၀ ပင်အား စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)