ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၌ စက်မှုဇုန်အလုပ်သမားများနှင့် ပြည်သူ (၉၆၆) ဦးအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး Pfizer Vaccine ထိုးနှံပေး

ဒဂုံတောင် ဇွန် ၁၄

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင်ပါဝင်သည့် လုပ်ငန်းတစ်ရပ်ဖြစ်သောကြောင့် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၌ ကာကွယ်ဆေးထိုးနှံခြင်းကို အပတ်စဉ် တနင်္လာ ဗုဒ္ဓဟူး၊ သောကြာနေ့များတွင် မြို့နယ်ဆေးရုံ၌ ထိုးနှံပေးခြင်းအပြင် စက်မှုဇုန်များတွင်လည်း ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာ ယမန်နေ့က စက်မှုဇုန် (၂) တွင် အသက် (၁၈) နှစ်အထက်၊ (၆၀) နှစ်နှင့်အထက် စက်ရုံ၊ အလုပ်ရုံအလုပ်သမားများနှင့် ဒေသခံပြည်သူ (၉၆၆)  ဦးအား မြို့နယ် ပြည်သူ့ဆေးရုံမှ မြို့နယ်ဆရာဝန်ကြီးဦးဆောင်ကာ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့်ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Pfizer Vaccine ထိုးနှံပေးခြင်း၊ အသိပညာ‌ပေးခြင်းများကို ကိုဗစ်-၁၉ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးကြောင်း သတင်းရသည်။

သန်းသန်အေး