သုံးခွမြို့နယ် သာသာမြိုင်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေဖြင့် ကျေးရွာတွင်း ကွန်ကရစ်ခင်းခြင်းဆောင်ရွက်

သုံးခွ ဇွန် ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေ (၁၄.၂၀) သန်းဖြင့် သာသာမြိုင်ကျေးရွာတွင်း ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများအား ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဒေါ်ခင်မော်မော်မျိုးက အဆိုပါလမ်းအား ရေရှည်တည်တန့်ခိုင်မြဲ စေရေးအတွက် အရည်အ‌သွေးပြည့်မီစွာ ဆောင်ရွက်‌ပေးကြပါရန်နှင့် ကျေးရွာနေပြည်သူများက  ဝိုင်းဝန်း ထိန်းသိမ်းကြရန် မှာကြားခဲ့သည်။ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းဆောင်ရွက်ရာတွင် အလျား ၁၃၅၀ ပေ၊ အနံ ၄ ပေ၊ ဒု ၆ လက်မဖြင့် လုပ်ငန်းဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့်ပြီးစီးခဲ့ကြောင်း သိရသည်။

အဆိုပါရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းကြောင့် သာသာမြိုင်ကျေးရွာရှိ အိမ်ခြေ (၂၄၆)မှ လူဦးရေ (၉၅၃)ဦးတို့ ရာသီမရွေးအဆင်‌ပြေစွာ သွားလာနိုင်ပြီး ဘာသာသာသနာရေးလုပ်ငန်းများ ဆောင်ရွက်ရာ တွင်လည်း စိတ်ကြည်နူးပျော်ရွှင်ချမ်းမြေ့ရမည်ဖြစ်ပါ‌ကြောင်း၊ ကျောင်းသား/သူများလည်း အဆင်ပြေစွာ သွားနိုင်တော့မည်ဖြစ်ကြောင်း ကျေးရွာနေပြည်သူများ၏ ဝမ်းသာပိတိစကားသံကိုလည်း ကြားသိရသည်။

စည်သူလင်း ပြန်/ဆက်