မော်လမြိုင်ကျွန်း ဇွန် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲအား ယနေ့ နံနက် ၁၀ နာရီ အချိန်က မြို့မ အ.လ.က(ခွဲ) အောင်သုခ အခြေခံပညာအလယ်တန်းကျောင်း ၌ကျင်းပသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နှင်းမိုးလှိုင်က အားကစားနှင့် လူငယ်ရေးရာသိ ကောင်းစရာများအကြောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဦးစီးအရာရှိ ဒေါ်နုနုအေးက စာဖတ်ရှိန်မြှင့်တင်ရေး သိကောင်းစရာများအကြောင်း၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာန၊ ဦးစီးမှူး ဦးမင်းဇော်လတ်က စားသုံးသူကာကွယ်ရေးနှင့်စားသုံးသူအန္တရာယ် သိကောင်းစရာများအကြောင်း၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်းက ခွေးရူးရောဂါကာကွယ်ရေးအကြောင်း၊ ခွေးရူးရောဂါသည် ဗိုင်းရပ်ပိုးကြောင့် ဖြစ်သော အသက်ဆုံးရှုံးစေသည့် ရောဂါဖြစ်ကြောင်း၊ ခွေးရူးရောဂါကူးစက်ခံရသည့် နည်းလမ်းများ၊ ခွေးရူးပြန်ရောဂါလက္ခဏာများအကြောင်း၊ ခွေးကိုက်ခံရပါက ခွေးရူးရောဂါမဖြစ်အောင် ကာကွယ်ရန် နည်းလမ်းများအကြောင်း၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးထိုက်ထိုက်မှ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအကြောင်းများ ရှင်းလင်းဆွေးနွေးခဲ့ကြပြီး မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများအတွက် အားကစား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ရဲကိုမောင်(ပြန်/ဆက်)