မရမ်းကုန်းမြို့နယ် မိုးလေဝသနှင့်ဇလဗေဒ၊ ငွေစုငွေချေး သမဝါယမအသင်းမှ အသင်းသားများအား စုဆောင်းငွေပေါ်အတိုးများ ထုတ်ပေး

မရမ်းကုန်း ဇွန်  ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်အဖွဲ့သစ် ရွေးချယ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက  မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

မရမ်းကုန်းမြို့နယ် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု့ဦးစီးဌာန၊ ငွေစုငွေချေး သမဝါယအသင်းတွင် အသင်းသား (၂၀၄) ဦးအား စုဆောင်း‌ ငွေအပေါ်အတိုးငွေကျပ် ( ၉၅.၁၇၈၆၄)သိန်းနှင့် အကျိုးဝေစုအဖြစ် (၂၇.၆၀)သိန်းအား အမှုဆောင်အဖွဲ့ဝင်များက ကြီးကြပ်၍ ထုတ်ပေးခဲ့ကြောင်း သိရသည်။

ယဉ်မော် (ပြန်/ဆက်)