ညောင်လေးပင် ဇွန် ၁၄
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးဟောပြောပွဲကိုယနေ့နံနက် ၁၀ နာရီကအမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပညာ့ဂုဏ်ရည်ခန်းမတွင် ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
ရှိဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးလှမြင့်က အဖွင့်အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဝါဝါဝင်ကျော်နှင့် ဒုတိယဦးစီးမှူး ဒေါ်ခိုင်ခိုင်ဦးတို့က ကလေးသူငယ်အခွင့်အရေးများ၊ ဥပဒေပါပြစ်မှု/ပြစ်ဒဏ်များ အကြောင်းအကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြသည်။
ထို့နောက် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ထွေးရီမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကာအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေယံပိုင်၊ လူမှုရေးအသင်းအဖွင့်များ၊ ကျောင်းသားကျောင်းသူများ တတ်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)