ပြည်နယ်လူမှု‌ရေးရာဝန်ကြီး တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား ကျောင်းသူများအား အာဟာရအားပြည့်အချို‌ရည်များဝေငှ

ကရင်ပြည်နယ်၊ ဘားအံမြို့၌ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုလျက်ရှိသည့် ကျောင်းသားကျောင်းသူများအား အာဟာရအားပြည့်အချိုရည်များအား ထောက်ပံ့လှူဒါန်း လျက်ရှိရာ ယနေ့ နေ့လယ်ပိုင်းက ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်က ဘားအံမြို့ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၌ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ဖြေဆိုကြသည့်ကျောင်းသား ကျောင်းသူများအား အာဟာရပြည့်အချိုရည်များ လိုက်လံ ဝေငှပေးခဲ့ကြောင်း သိရသည်။

တတိယအကြိမ်ကရင်ပြည်နယ်လွှတ်တော် လွှတ်တော်ကိုယ်စားလှယ်များအတွက် လွှတ်တော် အကြိုမိတ်ဆက်

 တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် လွှတ်တော်ကိုယ်စားလှယ်များအတွက် လွှတ်တော်အကြိုမိတ်ဆက်ခြင်းအခမ်းအနားကို မတ် ၁၇ ရက် နံနက် ၁၀ နာရီက ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

(၈၁)နှစ်မြောက်တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ခရားအတွင်း-ခရားအပြင်ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်ဖွင့်

(၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဘားအံခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှတာဝန်ယူဆောင်ရွက်သော ခရားအတွင်း-ခရားအပြင် ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို မတ် ၁၇ ရက် နံနက် ၇ နာရီခွဲက ကျင်းပသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် တတိယအကြိမ် ကယားပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်အကြို မိတ်ဆက်ခြင်းအခမ်းအနားတက်ရောက်

တတိယအကြိမ် ကယားပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များအတွက် လွှတ်တော်အကြိုမိတ်ဆက်ခြင်းအခမ်းအနားကို ကယားပြည်နယ်လွှတ်တော်ရုံး ရေးရာကော်မတီများခန်းမဆောင်၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစိန်ဦး၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ကယားပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ကယားပြည်နယ်လွှတ်တော် အစည်းအဝေးများကျင်းပရေး ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီများ၊ ပြည်နယ် လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

လွိုင်ကော်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ နွေရာသီ (အခမဲ့) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

နွေရာသီကျောင်းပိတ်ရက် ကာလများအတွင်း လူငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရန်၊ ဗလငါးတန်နှင့် ပြည့်စုံသည့် မျိုးဆက်သစ်လူငယ်များ ဖြစ်ထွန်းလာစေရန်နှင့် ဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ နွေရာသီ (အခမဲ့) သင်တန်းဖြစ်သည့် အခြေခံပန်းချီရေးဆွဲနည်း (အငယ်တန်း အဆင့်)သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆ်ဆံရေးဦးစီးဌာန၊ လွိုင်ကော်ခရိုင်ရုံးလူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပသည်။

မုံရွာမြို့၌ မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေး အားလုံးပူးပေါင်းဆောင်ရွက်ပေးခေါင်းစဥ်ဖြင့် အသိပညာပေးဟောပြောပွဲနှင့် အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်ခြင်း သရုပ်ပြပွဲကျင်းပ

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးမုံရွာခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ သန့်ရှင်းသောပတ်ဝန်းကျင်နဲ့ ကောင်းမွန်သော ဂေဟစနစ်ရရှိဖို့ သန့်ရှင်းသောလေထု၊ ရေထု၊ မြေထုဖြစ်စေဖို့၊ သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ခိုင်မြဲဖို့၊ လူမှုပတ်ဝန်းကျင်တစ်ခုလုံး ကျန်းမာဘေးကင်းအသက်ရှည်စေဖို့ အတွက်ရည်ရွယ်ကျင်းပပြုလုပ်သော “မီးခိုးမြူငွေ့ ညစ်ညမ်းမှုထိန်းချုပ်ရေး အားလုံးပူးပေါင်းဆောင်ရွက်ပေး” ခေါင်းစဥ်ဖြင့် အသိပညာပေးဟောပြောပွဲနှင့် အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်ခြင်း သရုပ်ပြပွဲကို ယနေ့ နံနက်ပိုင်းက မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ငပုတောမြို့နယ်တွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲနောက်ဆုံးနေ့ ဇီဝဗေဒဘာသာရပ်နှင့်‌ ဘောဂဗေဒအားစာစစ်ဌာန (၁၄)ခုတွင် ကျောင်းသား၊ ကျောင်းသူ (၁၉၀၃)ဦး ဖြေဆိုပြီးစီး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ နောက်ဆုံးနေ့ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို ယနေ့နေ့လည် (၁၂)နာရီအချိန်တွင် ငပုတောမြို့နယ်အတွင်းရှိ စာစစ်ဌာန(၁၄)ခုတို့တွင်‌ အေးချမ်းစွာဖြေဆိုပြီးစီးခဲ့ကြကြောင်းသိရသည်။

ကသာမြို့တွင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ နောက်ဆုံးဘာသာရပ်ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို ဆက်လက်ဖြေဆို

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်တို့ကို အေးချမ်းစွာဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ဓနုဖြူမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်အား အေးချမ်းပျော်ရွှင်စွာဖြေဆိုပြီးစီး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုကြရာ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်ကို ယနေ့ မတ်လ ၁၇ ရက်နေ့ မွန်းလွဲ(၁၂)နာရီအချိန်က ဓနုဖြူမြို့နယ်အတွင်းရှိ  စာစစ်ဌာန(၁၀)ခုတွင်  ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်ဖြေဆိုသူ စုစုပေါင်း(၁၀၇၄)ဦး၊ ဖြေဆိုမှုရာခိုင်နှုန်း(၉၁.၅၃)ရာနှုန်း ဖြေဆိုကြပြီး ကျောင်းသား/ သူများက အချိန်ပြည့်ဝင်ရောက် ဖြေဆိုနိုင်ခဲ့ကြရာ အေးချမ်းပျော်ရွှင်စွာ ဖြေဆိုပြီးစီးကြောင်းသိရသည်။    
Subscribe to