ကန့်ဘလူမြို့၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပြန့်ပွားရေး သင်တန်းဖွင့်လှစ်
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ကြီးမှူး၍ ဌာနတွင်းနှင့် ဆက်စပ်ဌာနများအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပြန့်ပွားရေးသင်တန်းကို မတ် ၁၆ ရက်နံနက် ၁၀ နာရီခွဲက အဆိုပါရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။