လွိုင်ကော် မတ် ၁၇
နွေရာသီကျောင်းပိတ်ရက် ကာလများအတွင်း လူငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရန်၊ ဗလငါးတန်နှင့် ပြည့်စုံသည့် မျိုးဆက်သစ်လူငယ်များ ဖြစ်ထွန်းလာစေရန်နှင့် ဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ နွေရာသီ (အခမဲ့) သင်တန်းဖြစ်သည့် အခြေခံပန်းချီရေးဆွဲနည်း (အငယ်တန်း အဆင့်)သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆ်ဆံရေးဦးစီးဌာန၊ လွိုင်ကော်ခရိုင်ရုံးလူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပသည်။
ဦးစွာ ကယားပြည်နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင် က သင်တန်းဆင်း အမှာစကားပြောကြားပြီး ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စွာမြင့်က နွေရာသီ (အခမဲ့) သင်တန်းများဖွင့်လှစ်ပေးရ ခြင်း၏ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။ ထို့နောက် ပန်းချီသင်တန်းနည်းပြ ဆရာမကြီး ဒေါ်ခင်သန်းက သင်တန်းသား၊ သင်တန်းသူ (၆၂) ဦးအား သင်တန်းဆင်း ဂုဏ်ပြုလက်မှတ်များ ပေးအပ်သည်။
လွိုင်ကော်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာနတွင် နွေရာသီ (အခမဲ့) သင်တန်းများဖြစ်သည့် အခြေခံပန်းချီရေးဆွဲနည်း (အငယ်တန်းအဆင့်) သင်တန်းကို မတ် ၄ ရက်နေမှ ၁၆ ရက်အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး အခြေခံပန်းချီရေးဆွဲနည်း (အကြီးတန်းအဆင့်) သင်တန်းကို မတ် ၄ ရက်မှ ၂၆ ရက်အထိလည်းကောင်း၊ အခြေခံဂစ်တာတီးနည်း (Level – 1)၊ (Level – 2) သင်တန်းတို့ကို မတ် ၁၀ ရက်မှ ၂၄ ရက်ထိလည်းကောင်း ဆက်လက်သင်ကြား ပို့ချပေးလျက်ရှိကြောင်းနှင့် အိမ်တွင်းမှု သက်မွေးပညာ သင်တန်းများကိုလည်း ထပ်မံဖွင့်လှစ်သွားမည် ဖြစ်ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)