လက်ပံတန်းမြို့နယ်တွင် (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နဘဲကွင်းကျေးရွာ ဂဝံမြေနီလမ်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ၂၀၂၆ ခုနှစ် (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နဘဲကွင်းကျေးရွာအုပ်စု၊ နဘဲကွင်းကျေးရွာ ရွာတွင်းဂဝံမြေနီလမ်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျေးရွာပြည်သူများ တက်ရောက်သည်။

မိုးနဲမြို့နယ်၌ (၈၁) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် ဖြန့်ဝေ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၈၁) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့က ယမန်နေ့နံနက် ညနေ ၃ နာရီအချိန်တွင် လွိုင်ပြေရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်းတွင် ဖြန့်ဝေ‌ပေးခဲ့သည်။

ကျေးသီးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးပြိုင်ပွဲများ ပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်ကာလ၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးပြိုင်ပွဲများနှင့် ကလေးစာဖတ်ခန်း Activity များကို ယနေ့နံနက်(၉)နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မိတ္ထီလာမြို့နယ်၌ လူငယ်နှင့် မူးယစ်ဆေး အသိပညာပေး Talk Show ကျင်းပ

မိတ္ထီလာမြို့နယ်၌ လူငယ်နှင့် မူးယစ်ဆေး အသိပညာပေး Talk Show ကျင်းပ မိတ္ထီလာ မတ် ၁၈ သိန်းမြင့်ကျော်(မိတ္ထီလာ)

မိုင်းယောင်းမြို့၌ ရိုးရာအစဉ်အလာမပျက် အတာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဗလမင်းထင်ခန်းမ၌ ယမန်နေ့က ရိုးရာအစဉ်အလာမပျက် အတာသင်္ကြန်ပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်၌ လူငယ်နှင့် မူးယစ်ဆေး အသိပညာပေး Talk Show ကျင်းပ

မိတ္ထီလာမြို့နယ်၌ လူငယ်နှင့် မူးယစ်ဆေး အသိပညာပေး Talk Show ကျင်းပ မိတ္ထီလာ မတ် ၁၈ သိန်းမြင့်ကျော်(မိတ္ထီလာ)

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်များအား အေးချမ်းစွာ ဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုအားပေးခြင်းနှင့် Seeder ဖြင့် စိုက်ပျိုးထားသည့် နွေးစပါးစိုက်ပျိုးထားရှိမှုအား ကြည့်ရူ

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများသည် ယနေ့ နံနက်ပိုင်းက တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ Seeder ဖြင့် စိုက်ပျိုးထားသည့် နွေးစပါးနှင့်ကျောင်းသား၊ ကျောင်းသူများ၏ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်များအား အေးချမ်းစွာဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။

မိုင်းပျဉ်းမြို့နယ် ဝမ်ကျန်ကျေးရွာ ကျေးလက်လမ်းဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ ကျေးလက်လမ်းဦးစီးဌာနမှ ဆောင်ရွက်ပြီးစီးသော ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခြင်းကို ၂၀၂၆ ခုနှစ် ယမန်နေ့မွန်းလွဲပိုင်းက ဟောင်ကန်ကျေးရွာအုပ်စု၊ ဝမ်ကျန်ရွာသွားလမ်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သင်္ဃန်းကျွန်းခရိုင်၌ အဆင့်မြင့်ပန်းချီရေးဆွဲနည်း (အခမဲ့) သင်တန်း (ဒုတိယနေ့) ဆက်လက်သင်ကြားလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ အဆင့်မြင့်ပန်းချီရေးဆွဲနည်းသင်တန်းအား ယမန်နေ့ နံနက်ပိုင်းက ဆက်လက်သင်ကြားလျက်ရှိသည်။

ပြည်မြို့ စင်္ကြန်တောင် ဘုန်းတော်ကြီးသင်ပညာ‌ရေးကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ခြင်း ဆောင်ရွက်

ကျောင်းသားလူငယ်‌ မောင်မယ်များအား နွေရာသီကျောင်းပိတ်ရက်များအတွင်း ပြင်ပဗဟုသုတရရှိစေမည့် သုတ/ရသစာအုပ်၊ စာပေများကို အလွယ်တကူ ဖတ်ရှုလေ့လာနိုင်ရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိလာစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြည်မြို့ စင်္ကြန်တောင် ဘုန်းတော်ကြီးသင်ပညာ‌ရေးကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ခြင်း ကွင်းဆင်းဆောင်ရွက်သည်။
Subscribe to