မြန်မာ့မီးရထား တိုင်း(၉) မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် မီးသတ်ဆေးဘူး အသုံးပြုနည်း လက်တွေ့သရုပ်ပြ လေ့ကျင့်
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ ကနောင်စုရပ်ကွက်ရှိ မြန်မာ့မီးရထားတိုင်း(၉)ရုံးတွင် ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် မီးသတ်ဆေးဘူးအသုံးပြု၍ လက်တွေ့ မီးငြိမ်းသတ်ခြင်း သရုပ်ပြပွဲအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့သည်။