လွိုင်ကော် မတ် ၁၇
တတိယအကြိမ် ကယားပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်အကြိုမိတ်ဆက်ခြင်းအခမ်းအနားကို ကယားပြည်နယ်လွှတ်တော်ရုံး ရေးရာကော်မတီများခန်းမဆောင်၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစိန်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်လွှတ်တော် အစည်းအဝေးများကျင်းပရေးဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီများ၊ ပြည်နယ် လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က တတိယအကြိမ်ကယားပြည်နယ်လွှတ်တော်အစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အဆောက်အအုံများ ပြုပြင်မွမ်းမံရေး၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ လုံခြုံရေး၊ ကျန်းမာရေးဆိုင်ရာများကို ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများဖွဲ့စည်း၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ခဲ့ကြောင်း၊ ကိုယ်စားလှယ်များ တည်းခိုနေထိုင်ရေး၊ စားသောက်ရေးအဆင်ပြေချောမွေ့စေရေးအတွက်လည်း အကောင်းဆုံးစီမံထားရှိကြောင်း၊ လွှတ်တော်အစည်းအဝေးများကျင်းပချိန်တွင် လွှတ်တော် ကိုယ်စားလှယ်များ စိတ်အေးချမ်းသာစွာတက်ရောက်နိုင်ရေး၊ လိုအပ်ချက်မရှိစေရေး ပြင်ဆင် ဆောင်ရွက်ထားရှိပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ရွေးချယ်ခံ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက မိတ်ဆက်ကြသည်။
ဆက်လက်၍ တတိယအကြိမ် ကယားပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သဘာပတိတင်မြှောက်ခြင်း၊ ပြည်နယ်လွှတ်တော်ဉက္ကဋ္ဌ တင်မြှောက်ခြင်း၊ ပြည်နယ်လွှတ်တော် ဒုတိယဉက္ကဋ္ဌတင်မြှောက်ခြင်းကို လွှတ်တော်ရုံး ဝန်ထမ်းများဖြင့် Role Play သရုပ်ပြဆောင်ရွက်ထားသည့် Video Clip အား ပြသသည်။
ထို့နောက် ကယားပြည်နယ်လွှတ်တော်အကြောင်း သိကောင်းစရာများနှင့် လွှတ်တော် အစည်းအဝေးနှင့် စပ်လျဉ်းသည့်အချက်များအား ပြည်နယ်လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူး ချုပ်ကလည်းကောင်း၊ ဉပဒေအကြောင်း သိကောင်းစရာများနှင့် ပတ်သက်၍ ပြည်နယ်ဉပဒေအရာရှိ ဦးကျော်မင်းနိုင်ကလည်းကောင်း၊ ပြည်နယ်ဘဏ္ဍာငွေဆိုင်ရာများနှင့် ပတ်သက်၍ ပြည်နယ် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သွယ်သွယ်ထွန်းကလည်းကောင်း ရှင်းလင်းတင်ပြကြသည်။ ထို့နောက် ရွေးချယ်ခံပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဆဌမမြောက်နေ့ ကျင်းပရာ လွိုင်ကော်မြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ပြည်နယ်အတွင်းရှိ ကျောင်းသား ကျောင်းသူများ ဝင်ရောက်ဖြေဆိုနေမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် များနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှု အားပေးသည်။
စာဖြေခန်းများအတွင်း ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် စာမေးပွဲအောင်မြင်စွာ ဖြေဆိုနေမှုကိုကြည့်ရှုပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးရန် စီမံထားရှိမှုများ၊ စာမေးပွဲဖြေဆိုခန်းများနှင့် ကျောင်းပရိဝုဏ် အတွင်း/အပြင်၌ ဆရာ၊ ဆရာမများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက လုံခြုံရေးကြီးကြပ်ဆောင်ရွက်နေမှုများကို ကြည့်ရှုကာလုပ်ငန်း တာဝန်များ စနစ်တကျ ဆောင်ရွက်ကြရန်နှင့် စာမေးပွဲဖြေဆိုနေစဉ်ကာလအတွင်း ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် အခက်အခဲမရှိ ဖြေဆိုနိုင်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရန်မှာြကားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် အသင်းအဖွဲ့များက စာမေးပွဲဖြေဆိုပြီးသည့် ကျောင်းသားကျောင်းသူများအား မုန့်နှင့်အချိုရည်များ ပေးဝေခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသား မိဘအုပ်ထိန်းသူများနှင့် ရင်းရင်းနှီးနှီး နှုတ်ဆက်စကား ပြောကြားသည်။
လွိုင်ကော်မြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ကျင်းပသည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွင်စွာ ဖြေဆိုခဲ့ကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)