တောင်သာမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲကို စိတ်အေးချမ်းမြေ့စွာဖြင့် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်အား ဝင်ရောက်ဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်တွင် ၂၀၂၆ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စိတ်အေးချမ်းမြေ့စွာဖြင့် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်အား ယနေ့နံနက် ၉ နာရီမှစ၍ စာစစ်ဌာန ၄ ခုဖြင့် စီစဉ်ကျင်းပလျက်ရှိပြီး မြို့နယ်အသီးသီးမှ ကျောင်းသား၊ သူများ ဖြေဆိုလျက်ရှိကြောင်းသိရသည်။

ဟိုပင်မြို့တွင် Gread-12 စာမေးပွဲလာရောက်ဖြေဆိုသူ (၉၇) ရာခိုင်နှုန်းကျော်ရှိ

၂၀၂၅-၂၀၂၆ ပညာသင်နှစ် Gread-12 စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် မတ်လ ၁၁ ရက်မှ ၁၇ ရက်ထိ ကျင်းပဖြေဆိုခဲ့ရာ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ရှိ အ.ထ.က (ဟိုပင်)စာစစ်ဌာနတွင် စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းထားသူ ကျား၊ မ ပေါင်း (၆၅၃) ဦးရှိသည့်အနက် လာရောက်ဖြေဆိုသူ ကျား၊ မ ပေါင်း (၆၃၅) ဦးရှိပြီး ဖြေဆိုရန်ပျက်ကွက်သူ (၁၈) ဦးရှိသဖြင့် စာမေးပွဲဖြေဆို မှုရာခိုင်နှုန်း (၉၇.၂) ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

ငွေဆောင်မြို့တွင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ၊ဘောဂဗေဒဘာသာရပ်နှင့် ဇီဝဗေဒဘာသာရပ်ကို ဖြေဆို

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၌ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ၊ ဘောဂဗေဒဘာသာရပ်နှင့် ဇီဝဗေဒဘာသာရပ်ကို မတ် ၁၇ ရက်နေ့နံနက်(၉)နာရီက မြို့အတွင်းရှိ စာစစစ်ဌာန(၂)ခု၌ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ငရုတ်ကောင်းမြို့တွင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ ဖြေဆို

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းတွင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို ယနေ့မတ်လ ၁၇ ရက်နေ့ နံနက် ၉ နာရီအချိန်က‌ ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိသည်။

အမာမြို့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်း၌ ပဒေသာကပွဲနှင့် ECCD Certificate ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်း၌ ပဒေသာကပွဲနှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ECCD Certificate ပေးအပ်ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၇)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပန်ဆောင်မြို့၌ ကိုင်းဆန်မျိုနွယ်စုတို့၏ မွမ်းတမ်းကုပွဲအခမ်အနားပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆောင်မြို့၌ ကိုင်းဆန်မျိုးနွယ်စုတို့၏ မွမ်းတမ်းကုပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီအချိန်က ပြုလုပ်ကျင်းပခဲ့သည်။

ဇလွန်မြို့နယ်တွင် ၂၀၂၆ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို ယနေ့နံနက် ၉ နာရီအချိန်တွင် စာစစ်ဌာန (၁၁)ခု တို့တွင် အေးချမ်းစွာဆက်လက်ဖြေဆိုလျက်ရှိသည်။

ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ဟမ်ဘာဂါ ပြုလုပ်နည်းသင်တန်းဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများအချင်းချင်း ချစ်ခင်စည်းလုံး ညီညွတ်မှုရရှိစေရန်၊ မိသားစုတစ်ပိုင်တစ်နိုင် အိမ်တွင်းမှုလုပ်ငန်းများမှတစ်ဆင့် အပိုဝင်ငွေတိုးတက်ရရှိစေရန် အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်နှင့်ကိုယ်တိုင်ပြုလုပ်၍ လုပ်ကိုင်စားသောက်ခြင်းဖြင့် အကုန်အကျသက်သာစေရန်ရည်ရွယ်၍ ဟမ်ဘာဂါပြုလုပ်နည်းသင်တန်းကို ထားဝယ်ခရိုင်လူထုအခြေပြုဗဟိုဌာန၌ ယနေ့ နံနက်ပိုင်းတွင် ဖွင့်လှစ်သည်။

ကန့်ဘလူမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ဆဌမနေ့ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ် ဆက်လက်ဖြေဆို

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒနှင့် ဘောဂ​ဗေဒ ဘာသာရပ်ကို မတ် ၁၇ ရက်နံနက် ၉ နာရီက ကျောင်းသားကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
Subscribe to