ကသာမြို့တွင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ နောက်ဆုံးဘာသာရပ်ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို ဆက်လက်ဖြေဆို

ကသာ မတ် ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်တို့ကို အေးချမ်းစွာဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ကသာမြို့နယ်တွင် စာစစ်ဌာနဖြစ်သည့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ဖြေဆိုလျက်ရှိရာ စာမေးပွဲဖြေဆိုရာတွင် အဆင်ပြေစွာဆောင်ရွက်နိုင်ရေးအတွက် ခရိုင်နှင့်မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြင်ပစည်းလုံခြုံရေးတာဝန်ကျသည့် အဖွဲ့ဝင်များ၊ ယာည်ထိန်းတပ်ဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကူညီပံ့ပိုးပေးလျက်ရှိပြီး ကျောင်းသား/ ကျောင်းသူများ စာမေးပွဲကို အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် နယ်မြေခံလုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ လုံခြုံရေးကိစ္စရပ်များအား အနီးကပ်ကြီးကြပ်ဆောင်ရွက် ပေးလျက်ရှိကြောင်းနှင့် စာဖြေဆိုသူ ကျောင်းသားကျောင်းသူများအား ခရိုင်/မြို့နယ်ထွေအုပ်ဦးစီးဌာနမှ ပလာတာနှင့် လက်ဖက်ရည်များ ကျွေးမွေးကြောင်းသိရသည်။

ကသာမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဇီဝဗေဒဘာသာရပ် ဖြေဆိုရန် စာရင်းရှိကျောင်းသား/ ကျောင်းသူ(၁၂၆)ဦး၊ ဖြေဆိုကျောင်းသား/ကျောင်းသူ (၉၀)ဦး ဖြေဆိုကာ ဖြေဆိုရန်ပျက်ကွက်သည့် ကျောင်းသား/ကျောင်းသူ(၃၆)ဦး၊ ဖြေဆိုမှုရာခိုင်နှုန်း (၇၁ ဒသမ ၄၃)ရှိပြီး ဘောဂဗေဒဘာသာရပ် ဖြေဆိုရန်စာရင်းရှိကျောင်းသား/ ကျောင်းသူ(၂၀၃)ဦး၊ ဖြေဆိုကျောင်းသား/ ကျောင်းသူ (၁၁၈)ဦးဖြေဆိုကာ ဖြေဆိုရန်ပျက်ကွက်သည့် ကျောင်းသား/ ကျောင်းသူ(၈၅)ဦးရှိကြောင်းနှင့် ဖြေဆိုရာခိုင်နှုန်း (၅၈ ဒသမ ၁၃)ရှိကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရှိရသည်။

ကျော်စွာ(ကသာ)