ဓနုဖြူ မတ် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုကြရာ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်ကို ယနေ့ မတ်လ ၁၇ ရက်နေ့ မွန်းလွဲ(၁၂)နာရီအချိန်က ဓနုဖြူမြို့နယ်အတွင်းရှိ စာစစ်ဌာန(၁၀)ခုတွင် ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်ဖြေဆိုသူ စုစုပေါင်း(၁၀၇၄)ဦး၊ ဖြေဆိုမှုရာခိုင်နှုန်း(၉၁.၅၃)ရာနှုန်း ဖြေဆိုကြပြီး ကျောင်းသား/ သူများက အချိန်ပြည့်ဝင်ရောက် ဖြေဆိုနိုင်ခဲ့ကြရာ အေးချမ်းပျော်ရွှင်စွာ ဖြေဆိုပြီးစီးကြောင်းသိရသည်။
အဆိုပါ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုစဥ်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက လုံခြုံရေးကိစ္စရပ်များနှင့် ယာဉ်အန္တရာယ်ကင်ရှင်းရေး လုပ်ငန်းများကို နေ့စဉ်ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)