ဘားအံ မတ် ၁၇
ကရင်ပြည်နယ်၊ ဘားအံမြို့၌ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုလျက်ရှိသည့် ကျောင်းသားကျောင်းသူများအား အာဟာရအားပြည့်အချိုရည်များအား ထောက်ပံ့လှူဒါန်း လျက်ရှိရာ ယနေ့ နေ့လယ်ပိုင်းက ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်က ဘားအံမြို့ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၌ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ဖြေဆိုကြသည့်ကျောင်းသား ကျောင်းသူများအား အာဟာရပြည့်အချိုရည်များ လိုက်လံ ဝေငှပေးခဲ့ကြောင်း သိရသည်။
ထိုသို့တက္ကသိုလ်ဝင်စာမေးပွဲများဖြေဆိုလျက်ရှိရာ ကရင်ပြည်နယ်အတွင်းရှိ ခရိုင်၊ မြို့နယ်စာစစ်ဌာနများ၌ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်အား ဝင်ရောက်ဖြေဆိုရန်စာရင်းပေးသွင်းသူ ကျောင်းသား ကျောင်းသူ (၃၈၄၀)ရှိပြီး ဝင်ရောက်ဖြေဆိုသူ (၃၆၅၆)ဦးဖြစ်ပြီး ပြည်နယ်အတွင်းဖြေဆိုသူ ၉၅ ဒသမ ၅၁ ရာခိုင်နှုန်းရှိကြောင်းနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူ တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုသူ (၁၁၂)ဦးဖြစ်ပြီး ၁၀၀ ရာခိုင်နှုန်းရှိကြောင်းသိရသည်။
ပြည်နယ် (ပြန်/ဆက်)