တောင်ဥက္ကလာပမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ယဉ်ကျေးလိမ္မာသင်တန်း ဆက်လက်ဖွင့်လှစ်
သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ ကိုယ်အမူအယာ၊ နှုတ်အမူအယာယဉ်ကျေးလိမ္မာစေရန်၊ အသိပညာဗဟုသုတတိုးတက်ပွားများစေရန်၊ အချိန်ကို အကျိုးရှိစွာအသုံးပြုနိုင်စေရန် ရည်ရွယ်၍ အခြေခံယဉ်ကျေးလိမ္မာသင်တန်း အခမဲ့သင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် မတ် ၁၆ ရက်နေ့ နံနက် ၉ နာရီခွဲ အချိန်ကစ၍ ဆက်လက်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။