ငပုတောမြို့နယ်တွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲနောက်ဆုံးနေ့ ဇီဝဗေဒဘာသာရပ်နှင့်‌ ဘောဂဗေဒအားစာစစ်ဌာန (၁၄)ခုတွင် ကျောင်းသား၊ ကျောင်းသူ (၁၉၀၃)ဦး ဖြေဆိုပြီးစီး

ငပုတော မတ် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ နောက်ဆုံးနေ့ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို ယနေ့နေ့လည် (၁၂)နာရီအချိန်တွင် ငပုတောမြို့နယ်အတွင်းရှိ စာစစ်ဌာန(၁၄)ခုတို့တွင်‌ အေးချမ်းစွာဖြေဆိုပြီးစီးခဲ့ကြကြောင်းသိရသည်။

ငပုတောမြို့နယ်တွင် ၂၀၂၆ ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲ နောက်ဆုံးနေ့ ဇီဝဗေဒဘာသာရပ်နှင့်‌ ဘောဂဗေဒဘာသာရပ်ကို အ.ထ.က (ငပု‌တော)၊ အ.ထ.က (ကမ်းနီ)၊ အ.ထ.က (ကျောက်ချောင်း)၊ အ.ထ.က (ကျူံကူး)၊ အ.ထ.က (ကံချိုင်)၊ အ.ထ.က( ငရုတ်ကောင်း)၊ အ.ထ.က (ဆင်ကူးကြီး)၊ အ.ထ.က (ပြင်ခရိုင်)၊ အ.ထ.က (တောင်ကလေး)၊ အ.ထ.က(မန်ကျည်းပင်)၊ အ.ထ.က(ကျောက်ကလပ်)၊ အ.ထ.က (သင်္ကန်းကုန်း)၊ အထက (ဟိုင်းကြီး)၊ အ.ထ.က (အုန်းချောင်း)စာစစ်ဌာန(၁၄)ခုတို့တွင် အေးချမ်းစွာဖြေဆိုကြပြီး ယနေ့ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၉၀၃)ဦး ဝင်ရောက်ဖြေဆိုပြီး ဖြေဆိုမှုရာခိုင်နှုန်း (၉၂.၉၇) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။

အောင်သူ(ပြန်/ဆက်)