တာမိုးညဲမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပုံပြင်ပြောပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ တာမိုးညဲမြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပုံပြင်ပြောပြိုင်ပွဲကို စက်တင်ဘာလ ၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ပန်ဆိုင်း(ကြူကုတ်)မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ် )မြို့၊  အခြေခံပညာအထက်တန်းကျောင်းတွင် စက်တင်ဘာလ ၂၂ ရက်နေ့ နံနက် (၁၀:၃၀)အချိန်က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့ဦးစီးမှူးရုံးမှ ရှေ့တန်းရုံးတာဝန်ခံ ဦးမောင်မောင်ကျော်ဦးဆောင်သည့် ဝန်ထမ်းများသည် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သာကေတမြို့နယ်တွင် အမျိုးသမီးအိမ်တွင်းမှုပညာသင်တန်း (အခမဲ့)ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီး ဌာနနှင့်မြို့နယ် အမျိုးသမီးများအသင်း (Women Club)  တို့ ပူးပေါင်း၍  တစ်ပိုင်တစ်နိုင် အသက်မွေးဝမ်းကျောင်းပညာဖြင့် တစ်ဖက်တစ်လမ်း အကျိုးပြုစေရန်ရည်ရွယ်၍ အမျိုးသမီးအိမ်တွင်းမှုပညာသင်တန်းများ စဥ်ဆက်မပြတ် ဖွင့်လှစ်လျက်ရှိရာ ယမန်နေ့နေ့လယ်(၁၂:၃၀) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် အိမ်တွင်းမှုသင်တန်းအဖြစ် (Fancy) အလှပန်းအိုး ပြုလုပ်နည်းသင်တန်းအား ဖွင့်လှစ်ခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန် ကျန်းမာရေးဝန်ကြီးဌာန၊ အထူးကုဆေးကုသရေးအဖွဲ့ မြစ်ကြီးနားမြို့၌ ပြည်သူများအား ကွင်းဆင်းဆေးကုသမှုများကို ကြည့်ရှုအားပေးကာ ထောက်ပံ့ငွေများပေးအပ်

ကျန်းမာရေးဝန်ကြီးဌာနသည် နိုင်ငံ၏အခြေခံကျန်းမာရေးစနစ်ကို ခိုင်မာအောင်တည်ဆောက်၍ ပြည်သူအားလုံးသက်ရှည်ကျန်းမာမည့် ကျန်းမာရေးစနစ်ဖြစ်ပေါ်ရေးဦးတည်ချက်ကို ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ဆေးရုံအခြေပြုကုသရေးလုပ်ငန်းများအပြင် ပြည်သူလူထုအတွင်းကွင်းဆင်း၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းဒေသကြီး/ ပြည်နယ်များရှိ ဒေသခံပြည်သူများအား

တောင်ငူခရိုင်အတွင်းရှိ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများ၏ သတ်မှတ်ပါတီဝင်အင်အားစာရင်းများ မှန်ကန်မှု ရှိ၊ မရှိ မြေပြင်တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နတ်သျှင်နောင်ခန်းမ၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တောင်ငူခရိုင်အတွင်းရှိ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများ၏ သတ်မှတ်ပါတီဝင်အင်အားများ မှန်ကန်မှု ရှိ၊ မရှိ မြေပြင်တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဟင်္သာတမြို့ သူနာပြုသင်တန်းကျောင်း၏ (၂၂) ကြိမ်မြောက် ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲအခမ်းအနား တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များသည် ယမန်နေ့ နေ့လယ် ၁၁ နာရီခွဲအချိန်က ဟင်္သာတမြို့ ပန်းဘဲတန်းရပ်ကွက်ရှိ သူနာပြုသင်တန်းကျောင်း၏ (၂၂) ကြိမ်မြောက် ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် မြစ်ကြီးနားမြို့ ကမ်းနားလမ်းတစ်လျှောက် သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ကမ်းနားလမ်းရှိ We Love Myitkyina ဆိုင်းဘုတ်အနီး အလှပန်းခြံငယ်၊ ဈေးဆိုင်ခန်းများဖြင့် အများပြည်သူအပန်းဖြေနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိရာ ယမန်နေ့ ညနေ ၃ နာရီက ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ဌာနဆိုင် ရာများနှင့်အတူ အမှိုက်များ ကောက်ယူခြင်းလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

မအီမြို့ ဂျီဖြူတောင်ကျေးရွာ အ. ထ. က(ခွဲ)၌ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ ဂျီဖြူတောင်ကျေးရွာအုပ်စု၊ အ. ထ. က(ခွဲ) ဂျီဖြူတောင် ဆေးထိုးစုရပ်၌ ကမ္ဘာတစ်ဝှမ်းရှိ အမျိုးသမီးများတွင် စတုတ္ထမြောက်ဖြစ်ပွားမှုများပြီး အသက်ဆုံးရှုံးမှုများသည့် သားအိမ်ခေါင်းကင်ဆာရောဂါ(HPV) ကာကွယ်ဆေးထိုးနှံခြင်းနှင့် ကျန်းမာရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက မအီမြို့၊ ကျေးလက်ကျန်းမာရေးဌာနနှင့် အဆိုပါ ကျေးရွာအုပ်စု ကျေးလက်ကျန်းမာရေးဌာန(ခွဲ) ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အလုံမြို့နယ်၌ ကျောင်းကြက်ခြေနီနှင့် ရှေးဦးပြုစုခြင်းသိကောင်းစရာ ဟောပြောပွဲဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီက ကြီးမှူးပြုလုပ်သည့် ကျောင်းကြက်ခြေနီနှင့် ရှေးဦးပြုစုခြင်းသိကောင်းစရာ ဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီက အလုံမြို့နယ်အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်း၊ သဇင်ခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

ကွတ်ခိုင်မြို့နယ်တွင် လူငယ်များ ဗလငါးတန်ပြည့်စုံစေရန် အ.ထ.က(၁)ကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်တွင် အနာဂတ် လူငယ်လူရွယ်များသည် တိုင်းပြည်၏ တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့်သူများဖြစ်ရာ အသိဉာဏ်ပညာဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်တို့ဖြင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် (၁)နာရီအချိန်က အ.ထ.က (၁)ကျောင်း၊ ရွှေဂန္ဓမာခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to