ညောင်ရွှေမြို့နယ် အင်းလေးဒေသ ငါးဖယ်ချောင်းကျေးရွာ၌ ဌာနဆိုင်ရာများပူးပေါင်း၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
အင်းလေးကန်အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများ၏ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်လာစေရန်၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် စိုက်ပျိုးမွေးမြူရေး အစရှိသည့် အင်းနေ ပြည်သူများ၏ လူမှုဘဝများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်း၊ ဒေသခံတိုင်းရင်းသား ပြည်သူများနှင့် တွေ့ဆုံခြင်းကို စက်တင်ဘာ(၂၃)ရက် နံနက် (၉) နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ ငါးဖယ်ချောင်းကျေးရွာ၌ ပြုလုပ်ခဲ့ သည်။