အမာမြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း လူထုအသိပညာပေးလှုံ့ဆော်ရေး ဆိုင်းဘုတ် စိုက်ထူ

အမာ ဇွန် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းဆောင်ရွက်ရန်  “ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်း ကောက်ကြစို့” လူထုအသိပညာပေးလှုံ့ဆော်ရေး ဆိုင်းဘုတ်စိုက်ထူခြင်းကို ယနေ့နံနက် (၈)နာရီအချိန်က မြို့မ(၂)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ဆောင်ရွက်ခဲ့ကြသည်။

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း သန်းခေါင်စာရင်း ရည်ညွှန်းချိန် “စက်တင်ဘာလ(၃၀)ရက်နေ့ ညဉ့်သန်းခေါင်ယံ” ဖြစ်ပြီး ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့ လှုံ့ဆော်ရေး အသိပညာပေး ဆိုင်းဘုတ်အား အမာမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးပြည့်စုံဝင်းနှင့် မြို့အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မြေစိုက်ဆိုင်းဘုတ်ကို စိုက်ထူခဲ့ကြပြီး တာဝန်ရှိသူများက အမွှေးနံ့သာများ ပက်ဖျန်းပေးကြပြီးနောက် သန်းခေါင်စာရင်း ကောက်ယူခြင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ပြည်သူများအား ဖြန့်ဝေပေးခဲ့ကြသည်။

လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းသည် နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များအတွက် မူဝါဒများချမှတ်ခြင်း၊ စီမံကိန်းများရေးဆွဲ အကောင် အထည်ဖော်ခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် အခြေခံထားရမည့် လူဦးရေဆိုင်ရာ ကိန်းကဏန်း အချက်အလက်များကိုရရှိရန် ရည်ရွယ်ချက်ဖြင့် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းကို အောက်တိုဘာလ (၁)ရက်နေ့မှ  (၁၅)ရက်နေ့အတွင်း (၁၅)ရက်ကြာ အမာမြို့၊ မြို့ပေါ်ရပ်ကွက်များနှင့် ‌ ကျေးရွာများတွင် နေထိုင်သူများအားလုံးကို  စာရင်းကောက်အဖွဲ့များမှ သန်းခေါင်စာရင်းများကို ကောက်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စာရင်းကောက်ယူရာတွင် Mobile Tablet ဖြင့် ကောက်ယူသွားမည်ဖြစ်ကြောင်း ဖျာပုံမြို့၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာန၊  မြို့နယ်ဦးစီးမှူးရုံး တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

အမာ(ပြန်/ဆက်)