လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ် အာရုဏ်ဆွမ်းနှင့် လှူဖွယ်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ပညာသင်ထောက်ပံ့ငွေများ ပေးအပ်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ် အာရုဏ်ဆွမ်းနှင့် လှူဖွယ်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ပညာသင်ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက် ၅ နာရီခွဲက ဝိန်းလိတ်ရပ်ကွက်အတွင်းရှိ ထေရဝါဒဗုဒ္ဓသာသနာပြု ဘုန်းတော်ကြီးကျောင်းတိုက်၌ ပြုလုပ်သည်။