၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း လူထုအသိပညာပေးလှုံ့ဆော်ရေး Bill Board စိုက်ထူပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း လူထုအသိပညာပေးလှုံ့ဆော်ရေး Bill Board စိုက်ထူပွဲအခမ်းအနားကို ယနေ့နံနက် (၈)နာရီအချိန်က မြို့မရပ်ကွက်၊ လမ်းမတော်လမ်းမကြီးဘေးတွင် ကျင်းပပြုလုပ်ခဲ့သည်။

မော်လမြိုင်ကျွန်းမြို့၌ ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့ အသိပညာပေး ဆိုင်းဘုတ်စိုက်ထူ

မော်လမြိုင်ကျွန်းမြို့နယ်၌ ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့ အသိပညာပေး ဆိုင်းဘုတ်စိုက်ထူခြင်း အခမ်းအနားကို ယနေ့ လူစည်ကားရာ မြို့မဈေးရှေ့ (၁၁) လမ်းထိပ် လမ်းဆုံ၌ ကျင်းပသည်။

ဇလွန်မြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး အသိပညာပေး ဆိုင်းဘုတ်စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

ဧရာဝတီတိုင်း‌ဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်​မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် လူထုအသိပညာပေး Bill Board စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက် ၈ နာရီတွင် မီးပွိုင့်လမ်းဆုံတွင် ဆောင်ရွက်ခဲ့ကြသည်။

ငွေဆောင်မြို့၌ “ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့” အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း လူထုအသိပညာပေးလှုံ့ဆော်ရေး Bill Board စိုက်ထူခြင်း အခမ်းအနားအား ယနေ့နံနက် ၈ နာရီက လူစည်ကားရာ အမှတ်(၃) ရပ်ကွက်၊ ဟိုတယ်ဇုန်လမ်းမကြီးဘေး၊ မဟာပုညာရာမဘုန်းတော်ကြီးကျောင်းရှေ့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သပိတ်ကျင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နံနက် (၁၀) နာရီက ဝန်ထမ်းများ စာဖတ်ရှိန်မြင့်မားရေးအတွက် စာရေးဆရာ အောင်ကိုဦး( UMK) ၏ “လူငယ်တွေစဥ်းစားဖို့” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြင်ဦးလွင်မြို့ အမှတ်(၁၄) အခြေခံပညာမူလတန်းကျောင်း အတွင်း၊ အပြင်များ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်

မိမိတို့၏ နေ့စဉ်လူမှုဘဝနေထိုင်ဖြတ်သန်းရာတွင် ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်နေမှသာ ကျန်းမာရေးနှင့်ညီညွတ်မျှတ၍ ကိုယ်စိတ်နှလုံးချမ်းမြေ့ကာ မျက်စိပသာဒဖြစ်စေပြီး သန့်ရှင်းသာယာလှပသော မြို့၊ ရွာ Clean City၊ Green City များ ဖြစ်လာမည်ဖြစ်သဖြင့် မိမိဒေသ၊ မိမိမြို့ရွာသန့်ရှင်းသာယာရေးကိုဒေသခံများ၊ ဒေသတွင်တာဝန်ထမ်းဆောင်နေကြသည့် တပ်ရင်း၊ တပ်ဖွဲ့များအပါအဝင် အုပ်ချုပ်ရေးဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် စည်ပင်သာယာရေးတာဝန်ရှိသူများက မဖြစ်မနေဆောင်ရွက်ကြရမည်ဖြစ်သည်။

မတ္တရာမြို့နယ်၌ ကမ္ဘာ့သွေးအလှူရှင်များနေ့အထိမ်းအမှတ် သွေးအလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် ယမန်နေ့တွင် ကျရောက်သည့် ကမ္ဘာ့သွေးအလှူရှင်များနေ့အထိမ်းအမှတ်အဖြစ် သွေးအလှူရှင်အသင်းများနှင့် သွေးအလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းတုံမြို့နယ်၌ ၂၀၂၄ ခုနှစ် မိုးရာသီကာလသစ်ပင်စိုက်ပျိုးပွဲ‌ တော်ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်ရှိ ခမရ (၅၁၉)တပ်တွင်း၌ ၂၀၂၄ ခုနှစ် မိုးရာသီကာလအတွင်း ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးအတွက် မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစောတင်မြင့် ဦး‌ဆောင်ကာ ယနေ့နံနက် ၇ နာရီခွဲက သစ်ပင်စိုက်ပျိုးပွဲ‌တော် ကျင်းပခဲ့သည်။

ဟင်္သာတမြို့နယ်တွင်၂၀၂၄ ခု လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေး လူထုအသိပညာပေးလှုံ့ဆော်ရေး ဆိုင်းဘုတ်စိုက်ထူဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့ လူထုအသိပညာပေး လှုံ့ဆော်ရေးဆိုင်းဘုတ် စိုက်ထူဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၈ နာရီက ဟင်္သာတမြို့ ဥယျာဉ်မြောက်ရပ်ကွက်၊ ဟင်္သာရုပ်အဝိုင်းအနီး အာဇာနည်ပန်းခြံထောင့်တွင် ကျင်းပပြုလုပ်ခဲ့သည်။

မြင်းခြံမြို့တွင် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ပြည်သူများ သစ်တောသစ်ပင်များ၏တန်ဖိုးကို အလေးထားသိရှိ နားလည်စေရန်နှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတုကောင်းမွန်စေရေး၊ အရိပ်အာဝါသနှင့် မျက်စိပဒါသအကျိုးများ ရရှိစေရန် ရည်ရွယ်၍ ၂၀၂၄ ခုနှစ် မိုးရာသီ လူထုစုပေါင်း သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီခွဲက မန္တလေးတိုင်းဒေသကြီး မြင်းခြံတက္ကသိုလ်ဝန်း အတွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to