ငပုတောမြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ သဘာဝပတ်ဝန်းကျင်ထိန်းသိန်းရေးနှင့်သန့်ရှင်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့်နံရံကပ်စာ‌‌စောင်ပြပွဲကျင်းပ     

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊  ငပုတောမြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ သဘာဝပတ်ဝန်းကျင်ထိန်းသိန်းရေးနှင့်သန့်ရှင်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာ‌‌စောင်ပြပွဲကို ယမန်နေ့ နေလယ် ၁ နာရီအချိန်က အ.ထ.ကနဝရက်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခြေခံပညာအထက်တန်းကျောင်းများအပြင် မူလွန်ကျောင်းများအထိ လူငယ်စကားဝိုင်းများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် အခြေခံပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ မူဆယ်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများအပြင် မူလွန်ကျောင်းများအထိ လူငယ်စကားဝိုင်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်(၁၀:၀၀)နာရီအချိန်က စွမ်စော်-မူလတန်းလွန်ကျောင်းတွင် အလယ်တန်းဆင့်ကျောင်းသား/သူများဖြင့် လူငယ်စကားဝိုင်း ကျင်းပဆောင်ရွက်ခဲ့ပါသည်။

ဒေးဒရဲမြို့နယ်၌ မိုးကြိုးထိမှန်သေဆုံးခဲ့သူ၏ မိသားစုထံသို့ ထောက်ပံ့ငွေများပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ထောင်မှူးချောင်ကျေးရွာအုပ်စု၊ (၆)နံပါတ်ကျေးရွာအနီး တိုးမြစ်တွင် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၂၁)ရက်နေ့၊ မွန်းလွဲ (၃)နာရီက ကျုံဒါတ်ကျေးရွာမှ ဒေးဒရဲမြို့နယ်သို့ စက်လှေမောင်းနှင်လာသည့် ဦးမင်းဇော် အသက်(၃၆)နှစ်သည် မိုးကြိုးထိမှန်၍ စက်လှေပေါ်က ပြုတ်ကျသေဆုံးမှုဖြစ်ပွားခဲ့ရာ  ယနေ့နံနက်(၁၀)နာရီခွဲက အဆိုပါသေဆုံးသူ၏ မိသားစုအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ် မိသားစုစည်းရုံးရေးနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ အသိပညာပေးဆွေးနွေးပွဲကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ချောင်းသာကမ်းခြေတွင်ရောက်ရှိနေသည့် တပ်မတော်သားအရာရှိ၊ စစ်သည်များ ချောင်းသာကမ်းခြေသန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာကမ်းခြေသို့ အပန်းဖြေခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်ကာကွယ်ရေးတာဝန်များ ထမ်းဆောင်စဥ် ထိခိုက်ဒဏ်ရာရရှိရာမှ ဆေးရုံ၊ ဆေးခန်းများတွင် တက်ရောက်ကုသ၍ ပြန်လည်ကောင်းမွန်လာသည့် တပ်မတော်သားအရာရှိ၊ စစ်သည်များသည် ချောင်းသာမြို့၊ မြို့အဆင့်ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့များ၊ ဟိုတယ်ဇုန်အဖွဲ့များနှင့်အတူ ယမန်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန်က ချောင်းသာကမ်းခြေသန့်ရှင်း သာယာလှပရေး လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to