စာရေးဆရာအောင်သင်း ရေးသားသည့် “နှလုံးသားကို လေးပေါ်တင်၍ ပစ်သောအခါ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရုံးနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ ပူးပေါင်းကာ စာရေးဆရာအောင်သင်းရေးသားသည့် “နှလုံးသားကို လေးပေါ်တင်၍ပစ်သောအခါ” စာအုပ်ဖြင့် အပြန်အလှန်ဆွေးနွေးသည့် စာဖတ်ဝိုင်းကို ယနေ့နံနက် (၁၁း၃၀) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင် မင်္ဂလာတောင်ညွန့် မြို့နယ်ရုံး( Community Centre)ခန်းမ၌ ပြုလုပ်ခဲ့သည်။