ကြံခင်း ဇွန် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း လူထုအသိပညာပေးလှုံ့ဆော်ရေး Bill Board စိုက်ထူပွဲအခမ်းအနားကို ယနေ့နံနက် (၈)နာရီအချိန်က မြို့မရပ်ကွက်၊ လမ်းမတော်လမ်းမကြီးဘေးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး "ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်းစာရင်းကောက်ကြစို့" လှုံ့ဆော်ရေးအသိပညာပေး မြေစိုက်ပိုစတာ Bill Board ဆိုင်းဘုတ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးသိန်းတန်၊ မြို့နယ်သန်းခေါင်စာရင်း ကော်မတီအတွင်းရေးမှူးဦးဇော်မင်း၊ မြို့မိ/ဖကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်တို့က မြေစိုက်ပိုစတာအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
၂၀၂၄ ခုနှစ် အောက်တိုဘာ (၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ ကောက်ယူဆောင်ရွက်မည့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို မြို့နယ်အတွင်းရှိ ပြည်သူများ ကျယ်ကျယ်/ ပြန့်ပြန့် သိရှိနိုင်စေရန်နှင့် ပူးပေါင်းပါဝင်နိုင်စေရေးအတွက် သန်းခေါင်စာရင်းကောက်ယူနိုင်ရေး “ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့” မြေစိုက်ပိုစတာစိုက်ထူပွဲကျင်းပကာ တက်ရောက်လာသူများအား တာဝန်ရှိသူများက အမှတ်တရလက်ဆောင်များပေးအပ်ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြပြီးနောက် အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြသည်။
အဆိုပါ အသိပညာပေးမြေစိုက်ပိုစတာစိုက်ထူပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးသိန်းတန်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိ/ဖများ၊ဆရာ/ ဆရာမများ၊ လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်း (၁၅၀)ကျော် တက်ရောက်ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)