သံဖြူဇရပ် ဇွန် ၁၅
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် စပါးမျိုးစေ့ချကိရိယာ(Seeder) ဖြင့် စိုက်နည်းစနစ် မှန်ကန်ရေး လက်တွေ့အစေ့ချ စိုက်ပျိုးပြသခြင်းကို ယမန်နေ့ နံနက်က ကျုံကဒတ်ကျေးရွာ တောင်သူတစ်ဦး၏ လယ်ယာမြေ၌ တာဝန်ရှိသူများ ပူးပေါင်းပြုလုပ်ခဲ့ကြသည်။
စပါးမျိုးစေ့ချကိရိယာ(Seeder)ဖြင့် ပေါ်ဆန်းရင် မျိုးစပါးများအား လက်တွေ့အစေ့ချ စိုက်ပျိုးပြသခြင်းကို ကျုံကဒတ်ကျေးရွာရှိ တောင်သူ ဦးကျော်ဆန်း၏ လယ်ယာမြေ၌ပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့မှ တာဝန်ရှိသူတို့က ကြည့်ရှုအားပေးကာ လိုအပ်သည်တို့ကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြသည်။
သံဖြူဇရပ်မြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးကာလ၌ တောင်သူများ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနပိုင် စပါးမျိုးစေ့ချကိရိယာ (seeder) (၁၈) ခုဖြင့် စိုက်ပျိုးမည်ဖြစ်ပြီး၊ သံဖြူဇရပ်မြို့နယ်တွင် ယခုနှစ်မိုးစပါးစိုက်ဧက (၂၅၃၂၃) ကို လျှာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)