အင်္ဂပူ ဇွန် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း “ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့” လူထုအသိပညာပေး လှုံ့ဆော်ရေး Bill board စိုက်ထူခြင်းကို ယနေ့နံနက်ပိုင်းက ဆိပ်ကမ်းသာလမ်းဆုံတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ “ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်းစာရင်း ကောက်ကြစို့” လှုံ့ဆော်ရေး အသိပညာပေး မြေစိုက်ပိုစတာ Bill board အား မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်သန်းခေါင်စာရင်း ကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် ကော်မတီအတွင်းရေးမှူး၊ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးဦးဇော်နိုင်၊ ခေတ္တမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းအောင်တို့က မြေစိုက်ပိုစတာအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာများ ပက်ဖျန်းပေးကြသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် ကော်မတီအတွင်းရေးမှူး၊ လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးဦးဇော်နိုင်နှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိ၊ မြို့ဖများ၊ မြို့နယ်မိခင်နှင့်ကလေးစောင်ရှောင်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သန္တာဌေးနှင့်အဖွဲ့ဝင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)