မိုင်းဆတ်မြို့၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

မိုင်းဆတ် ဇွန် ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီခွဲက အ.လ.က(ကျဒယ်) ကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အ.လ.က(ကျဒယ်)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အက်စတာက အဖွင့်အမှာစကားပြောကြားခဲ့ပြီး လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ်(၃) မိုင်းဆတ်မှ ဒုတိယရဲမှူး လှဘုန်းက လူကုန်ကူးခံရနိုင်သည့်အခြေအနေနှင့် လူကုန်ကူးသူပွဲစားများ စည်းရုံးလေ့ရှိသည့် အလေ့အထများကို အသိပညာပေးဟောပြောခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးသွယ်က လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်နှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ဆိုးကျိုးများ၊ စာဖတ်ခြင်း၏ အကျိုး ကျေးဇူးများ၊ လူငယ်ဘက်စုံဖွံ့ဖြိုးရေးဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့သည်။

ယင်းနောက် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းအေးက ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပလတ်စတစ်လျော့ချရေးဆိုင်ရာများကို လည်းကောင်း၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်လပြည့်ဝန်းက လူငယ်နှင့်အားကစားဆိုင်ရာများကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့ကြပြီး ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်လပြည့်ဝန်းက အားကစားပစ္စည်းများထောက်ပံ့ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်အက်စတာက လက်ခံရယူခဲ့သည်။

ထို့နောက် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်လပြည့်ဝန်းက ကျောင်းသား၊ ကျောင်းသူများကို Fitness Dance သင်ကြားပေးကာ တာဝန်ရှိသူတို့က အသိပညာပေးလက်ကမ်းစာစောင်များအခမဲ့ဖြန့်ဝေပေးခဲ့ပြီး ပြသထားသည့် မူးယစ်ဆေးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များကိုကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်းသိရသည်။

မြင့်မောင်(မိုင်းဆတ်)