ရေတာရှည်မြို့နယ်၌ တစ်ရွာ (၂) ဧက စိုက်ခင်း မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

ရေတာရှည် ဇွန် ၁၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ရေတာရှည်မြို့နယ်၌ မြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၄ ခုနှစ် တစ်ရွာ ၂ ဧက စိုက်ခင်း မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပခြင်းကို ယမန်နေ့ နံနက် ၈ နာရီအချိန်က ဖျံချောင်းကျေးရွာတွင် ကျင်းပခဲ့သည်။

ထိုသို့စုပေါင်းစိုက်ပျိုးရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းနှင့် အဖွဲ့ဝင်များက ခရေ၊  ပျဥ်းကတိုး၊ ပိတောက် ပျိုးပင်များစိုက်ပျိုးပေးပြီး တက်ရောက်ကြသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ ရဲတပ်ဖွဲ့ဝင်များ၊  မီးသတ်တပ်ဖွဲ့ဝင်များ၊ ​ကျောင်းသား၊ ကျောင်းသူများနှင့်ဒေသခံပြည်သူများက မန်ဂျန်ရှား (၂၀၀၀) ပင်၊ စိန်ပန်း(၂၀၀) ပင်၊ မယ်ဇလီ (၁၀၀) ပင်နှင့် ယင်းမာ (၁၂၀) ပင် စသည့် အရိပ်ရပျိုးပင်စုစုပေါင်း(၂၄၂၀) ပင်အား စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)