မုံရွာမြို့၊ မြို့သစ်ရပ် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ကျောင်းဝန်း၊ ကျောင်းပြင်သန့်ရှင်ရေး ဌာနဆိုင်ရာများ စုပေါင်းဆောင်ရွက်

မုံရွာ ဇွန် ၁၅

၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူလေးများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေးနှင့် ကျောင်းတွင်း ကျောင်းပြင် သန့်ရှင်းသာယာစေရေးတို့အတွက် ယ‌နေ့နံနက်ပိုင်းက မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ကျောင်းဝန်းကျင်နှင့် ကျောင်းအတွင်းရှိ သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ ခြင်များမပေါက်ပွားနိုင်အောင်  ရေနုတ်မြောင်းများရေစီးရေလာ ကောင်းမွန်စေရေးတို့အတွက် တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ ကျောင်းသားမိဘများစုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီးနောက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ကြသူများအား တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့မှ တန်ဖိုးသင့်စားသောက်ကုန်များ၊ ဟင်းသီးဟင်းရွက်များအားလည်းကောင်း၊ တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနနှင့် ဆီကုန်သည်ကြီးများအသင်းတို့မှ စားသုံးဆီများအားလည်းကောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဆန် ဆီ ကြက်သွန်နီတို့ကိုလည်းကောင်း  ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့သည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်သူများအား တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့မှ လက်ဖက်ရည်နှင့် မုန့်တို့ဖြင့်လည်းကောင်း၊ မြို့သစ်ရပ် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မှ ကော်ဖီ၊ မုန့်တို့ဖြင့်လည်းကောင်း ဧည့်ခံကျွေးမွေးခဲ့ကြကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)