နတ်မောက် ဇွန် ၁၆
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့နံနက် ၈ နာရီအချိန်က နတ်မောက်-မကွေးကားလမ်းဘေးရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၅)ဧကခြံအတွင်း ကျင်းပခဲ့ပသည်။
အဆိုပါမိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်သို့ ပင်မစစ်နက်လက်ပစ္စည်းတပ် (နတ်မောက်) ဒုတိယဗိုလ်မှူးကြီး မင်းခိုင်နှင့်တပ်ရင်းတပ်ဖွဲ့များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ ဆရာ/မများနှင့် ကျောင်းသား/သူများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပင်မစစ်လက်နက်ပစ္စည်းတပ် (နတ်မောက်)ဒုတိယဗိုလ်မှူးကြီးမင်းခိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသန့်စင်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးရဲနိုင်စိုး၊အတွင်းရေးမှူးရဲမှူးသန်းဝင်းနှင့် မြို့နယ်သစ်တောဦးစီးမှူး ဦးဇော်မင်းတို့က ဌာနဆိုင်ရာအကြီးအကဲများထံ ပျိုးပင်များ ပေးအပ်ခဲ့ကြသည်။ အဆိုပါသစ်ပင်စိုက်ပျိုးပွဲတော်တွင် ပိတောက်၊ ယင်းမာပင်၊ ဆီသပြေ၊ စိန်ပန်းကြီး ၊ ယူကလစ်၊ သစ်မျိုးစုံ(၆၀၀)ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
လှဝင်း