တာမွေ ဇွန် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းစဉ်များတွင် ပြည်သူလူထုတစ်ရပ်လုံး တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်လာကြစေရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းနှင့်ပတ်သက်သည့် အသိပညာပေး ပိုစတာစိုက်ထူပွဲ အခမ်းအနားကို ဇွန်လ(၁၅)ရက်နေ့ နံနက်ပိုင်းအချိန်က ရန်ကုန်မြို့၊ တာမွေမြို့နယ် အရှေ့မြင်းပြိုင်ကွင်းလမ်းနှင့် ကျိုက္ကဆံလမ်း၊ လမ်းဆုံနေရာရှိ ရာပြည့်စျေးရှေ့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ တာမွေမြို့နယ် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးကိုးအောင်ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် ရပ်မိရပ်ဖများတက်ရောက်ခဲ့ကြကြောင်းနှင့် အဆိုပါ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာတွင် ၂၀၂၄ ခုနှစ် စက်တင်ဘာလ(၃၀)ရက်နေ့ ညဉ့်သန်းခေါင်ယံအချိန်တွင် မြန်မာနိုင်ငံနယ်နိမိတ်အတွင်း နေထိုင်သူအားလုံး၏စာရင်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ(၁)ရက်နေ့မှ အောက်တိုဘာလ (၁၅)ရက်နေ့အထိ နိုင်ငံတစ်ဝှမ်းလုံးတွင် တစ်ပြိုင်နက်တည်းကွင်းဆင်း၍ စာရင်းကောက်ယူသွားမည်ဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ သတင်းရရှိပါသည်။
နိုင်လင်းအောင်(ပြန်/ဆက်)