သင်္ဃန်းကျွန်းမြို့နယ်တွင် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

သင်္ဃန်းကျွန်း ဇွန် ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် (၂၅) ရပ်ကွက် ဗုဒ္ဓဟူးပါတ်ဓမ္မာရုံးတွင် ဇွန်လ(၁၅)ရက်နေ့ နေ့လယ် (၁) နာရီအချိန်က ရပ်ကွက်အတွင်း နေထိုင်ကြသော မြန်မာတိုင်းရင်းသားလူမျိုးနွယ်စုများ ကိုင်ဆောင်သင့်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားတစ်မျိုးမျိုး ရရှိနိုင်ရေးအတွက် ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် မြေပြင်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ပန်းခင်းစီမံချက်(၃)ဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ သင်္ဃန်းကျွန်းမြို့နယ်မှ တာဝန်ရှိဝန်ထမ်းများက (၂၅) ရပ်ကွက် ဗုဒ္ဓဟူးပါတ်ဓမ္မာရုံးသို့ ကွင်းဆင်း၍ အိမ်ထောင်စု လူဦးရေစာရင်း ဆောင်ရွက်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသေးသည့် ပြည်သူများ၊  အသက်(၁၀)နှစ်ပြည့်ပြီးသူနှင့် အသက်(၁၈)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသူများ၊ ပျောက်ဆုံး၊ ပျက်ဆီး‌မှုများအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊  သင်္ဃန်းကျွန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနသည် ယခုအခါ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးခြင်းကို ရာခိုင်နှုန်းပြည့် ဆောင်ရွက်ပေးနိုင်ရန် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

သိန်းအောင်(ပြန်/ဆက်)