အောင်လံ ဇွန် ၁၇
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးဝန်ထမ်းအိမ်ရာနှင့် ပြလို့မြို့၊ မြို့အုပ်ချုပ်ရေးမှူးရုံး (၂၀၂၄-၂၀၂၅) ဘဏ္ဍာရေးနှစ်၊ (ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ)ဖြင့် ဆောင်ရွက်မည့် အောင်လံမြို့ ဒုခရိုင်အုပ်ချုပ်ရေးမှူးရုံးနှင့် ပြလို့မြို့၊ မြို့အုပ်ချုပ်ရေးမှူးရုံး ပန္နက်တော်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး (တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူး) ဦးမောင်မောင်ဆန်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး အောင်လံမြို့ ဒုခရိုင်အုပ်ချုပ်ရေးမှူးရုံးနှင့် ပြလို့မြို့၊ မြို့အုပ်ချုပ်ရေးမှူးရုံး (၁၅၀x၃၁x၁၂) ပေရှိ အဆောက်အဦအား ပန္နက်တော်တင်လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အမွှေးနံ့သာရေပက်ဖျန်းခြင်းများဆောင်ရွက် ခဲ့သည်။
ဆက်လက်၍ အောင်လံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံး တည်ဆောက်ထားမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ဆက်လက်လုပ်ဆောင်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)