ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး အသိပညာပေး ဆိုင်းဘုတ်စိုက်ထူးခြင်း အခမ်းအနားကျင်းပ

ဆိပ်ဖြူ ဇွန် ၁၇

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေး အသိပညာပေးဆိုင်းဘုတ် စိုက်ထူခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အနောက်ပိုင်းရပ်ကွက် ဗိုလ်ချုပ်လမ်းနှင့် ရတနာလမ်းဆုံ၌ ကျင်းပသည်။

ကမ္ဘာ့နိုင်ငံအများစု၌ လူဦးရေနှင့် သန်ခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ကုလသမဂ္ဂအပါအဝင် လူဦးရေပညာရှင်းများပါဝင်ပြီး ပုံမှန်အားဖြင့် (၅)နှစ်သို့မဟုတ် (၁၀)နှစ်တစ်ကြိမ် ကောက်ယူလျက်ရှိပြီး မြန်မာနိုင်ငံအနေဖြင့် ၂၀၁၄ ခုနှစ်တွင် ပြည်လုံးကျွတ်သန်းခေါင်းစာရင်းကောက်ယူခြင်း၊ ၂၀၁၉ ခုနှစ်တွင် ကြားဖြတ်သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းတို့ကို အသီးသီးကောက်ယူနိုင်ခဲ့သည်။

နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များအတွက် မူဝါဒများချမှတ်ခြင်း စီမံကိန်းများရေးဆွဲအကောင်အထည်ဖော်ခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင်အခြေခံထားရမည့် လူဦးရေဆိုင်ရာကိန်ဂဏန်အချက်လက်များကိုရရှိနိုစေရန် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးကို အောက်တိုဘာလ (၁)ရက်နေ့မှ (၁၅) ရက်နေ့အထိ ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ရှေးဦးစွာ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး အသိပညာပေးဆိုင်ဘုတ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူနေမျိုးက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဆိုင်းဘုတ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက အမွှေးနံ့သာရည်များ ဖျန်းပက်ပေးသည်။ ထို့နောက် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာအချက်လက်များ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေအသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိုးလင်းနိုင်