မြန်အောင်မြို့နယ်၌ အခြေခံအိမ်ထောင်စုများအား စားအုန်းဆီများသတ်မှတ်စျေးနှုန်းဖြင့် ရောင်းချပေး

မြန်အောင် ဇွန် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စျေးကားဖြင့် အမှတ်(၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ရပ်ကွက်အတွင်းရှိ အခြေခံအိမ်ထောင်စုများအား ယမန်နေ့နံနက်က စားအုန်းဆီ တစ်ပိသာ ၅၈၈၁ ကျပ်နှုန်းဖြင့် စားအုန်းဆီပိဿာ ၁၁၀ ပိဿာရောင်းချပေးခဲ့ကြောင်း သိရသည်။

မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ အခြေခံအိမ်ထောင်စုဝင်များကို စားအုန်းဆီရောင်းချပေးနေမှုအား မြန်အောင်မြို့နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမင်းဇော်ဦး၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူးဦးမြင့်အောင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ရပ်မိရပ်ဖတို့က ကူညီဆောင်ရွက်ပေးခဲ့ကြသည်။

ဒေသခံပြည်သူများ အခြေခံစားသောက်ကုန်စားအုန်းဆီ သတ်မှတ်ရည်ညွှန်းစျေးဖြင့် ဝယ်ယူနိုင်ရန် မြန်အောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့၏ ကြီးကြပ်မှုဖြင့်ရပ်ကွက်/ကျေးရွာအုပ်စုများရှိ ကုန်စုံဆိုင်များကိုသတ်မှတ်ရည်ညွှန်းစျေးဖြင့် အလှည့်ကျဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။

 ဝင်းဗိုလ် (ပြန်/ဆက်)