မြို့သစ် ဇွန် ၁၈
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြိုသစ်မြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ် သုံးစွဲမှု လျှော့နည်းစေရန် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးအတွင်း ဈေးရောင်းဈေးဝယ် ပြည်သူများ ပလတ်စတစ် ကြွပ်ကြွပ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်များ အသုံးပြုနိုင်ရေး အသိပညာပေးခြင်းနှင့် ကြွပ်ကြွပ်အိတ်အစားထိုး အင်ဖက်များ အခမဲ့ ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် (၇) နာရီက အဆိုပါ ဈေးအတွင်း ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ခြင်းကို မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ကျန်းမာရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့မှ ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပြည်သူအများ ဝိုင်းဝန်းကူညီကာ ပူးပေါင်းလိုက်ပါဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ပလတ်စတစ်သုံးစွဲမှု လျှော့ချရေး အသိပညာပေး ပြုလုပ်ခြင်းကို အပတ်စဉ် တနင်္လာနေ့တိုင်း ပြုလုပ်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့တာဝန်ခံ တစ်ဦးထံက သိရသည်။
သန်းဝင်းထွန်း (ပြန်/ဆက်)