ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ သန်း‌ခေါင်စာရင်း ကောက်ယူရေး မြေစိုက်ပိုစတာစိုက်ထူပွဲ ကျင်းပ

ဒဂုံမြောက် ဇွန် ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် အများပြည်သူ အသွားအလာများပြီး လူစည်ကားရာနေရာဖြစ်သည့် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ အမှတ် ၃၇ ရပ်ကွက် ပြည်ထောင်စုလမ်းနှင့် ပင်လုံလမ်းဆုံ မီးပွိုင့်အနီးနေရာ၌ ယနေ့ နံနက် နာရီက သန်းခေါင်စာရင်းကောက်ယူနိုင်ရေး” ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းတွင် လူတိုင်းပါဝင်စို့” မြေစိုက်ပိုစတာစိုက်ထူကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းဝင်း မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၂) ဦးမြင့်ဇော်နှင့် အဖွဲ့ဝင်များ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး တင်ထွန်းနိုင်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ရုံး ဦးစီးမှူး ဦးမြင့်ဇော်နှင့်ဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ဖွင့်လှစ်ခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ သန်း‌ခေါင်စာရင်း ကောက်ယူရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြည်သူအားလုံးပါဝင်လို့ သန်ခေါင်စာရင်းကောက်ကြစို့” ပိုစတာများကို တာဝန်ရှိသူများထံသို့ ပေးအပ်ခဲ့ကြပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများက သန်းခေါင်စာရင်း ကောက်ယူခြင်းအတွက် အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြင့်မြင့်ရီ