ဗိုလ်တထောင်ခရိုင်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အောင်မြင်စွာ ကောက်ယူနိုင်ရေးအတွက် လူထုအသိပညာပေး လှုံ့ဆော်ရေး Bill Boardစိုက်ထူ

ဗိုလ်တထောင် ဇွန် ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဗိုလ်တထောင်ခရိုင်၏ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အောင်မြင်စွာ ကောက်ယူနိုင်ရေးအတွက် လူထုအသိပညာပေး လှုံဆော်ရေး Bill Board စိုက်ထူခြင်း အခမ်းအနားကို ယနေ့ နံနက် ၇ နာရီအချိန်က ခရိုင်သန်းခေါင်စာရင်း ကော်မတီမှ ဦးဆောင်၍ သာကေတမြို့နယ် ရှုခင်းသာလမ်းမကြီး တပ်ဦးကျောင်းနှင့်ရေတပ် Jetty ကြားတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို Bill Board စိုက်ထူပွဲ အခမ်းအနားကို အစီအစဉ် (၅) ရပ်ဖြင့် ကျင်းပခဲ့ပြီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ ဦးအောင်လွင် အတွင်းရေးမှူး ခရိုင်လဝကဦးစီးမှူး ဒေါ်တင်မိုးမိုးအေး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ခရိုင် အမျိုးသမီးရေးရာဥက္ကဋ္ဌတို့က Bill Board အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး၊ Bill Board အား အမွေးနံ့သာရည်များဖြင့် ပက်ဖြန်းပေးခဲ့ကြသည်။

အဆိုပါ Bill Board စိုက်ထူပွဲသို့ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်သန်းခေါင်စာရင်း ကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြပြီး ဆိုင်းဘုတ်ရှေ့တွင် မှတ်တမ်းဓါတ်ပုံများရိုက်၍ တက်ရောက်လာသူများနှင့် ခရီးသွားပြည်သူများအား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြသည်။

ခင်ဝင်း(ပြန်/ဆက်)