တောင်ကုတ်မြို့၌ (၅၉)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့တွင် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က ခရိုင်ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမ ၌ကျင်းပပြုလုပ်ခဲ့သည်။

စနစ်သစ်တက္ကသိုလ်ဝင်တန်း Grade – 12 အောင်ချက်မြင့်မားရေးအတွက် ဟားခါးတက္ကသိုလ်မှ ဘာသာရပ်ဆိုင် ဆရာ/ဆရာမများ၏ အပတ်စဉ် စနေနေ့နှင့် တနင်္ဂနွေနေ့တိုင်း အားဖြည့် သင်ကြားပို့ချပေးခြင်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

စနစ်သစ်တက္ကသိုလ်ဝင်တန်း Grade – 12 အောင်ချက်မြင့်မားရေးအတွက် ဟားခါးတက္ကသိုလ်မှ ဘာသာရပ်ဆိုင်ရာ ဆရာ/ဆရာမများ၏ အပတ်စဉ် စနေနေ့နှင့် တနင်္ဂနွေနေ့တိုင်း အားဖြည့်သင်ကြားပို့ချပေးခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဟားခါးမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ဗိုလ်တိုက်ချွန်းခန်း၌ ကျင်းပပြုလုပ် သည်။

မြဝတီမြို့၌  ကျောင်းသား၊ ကျောင်းသူများ ဘက်စုံပညာထူးချွန်ထက်မြက်နေစေရန် ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ကျင်းပပေး

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်  မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာ ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ   ကွင်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉  နာရီက အခြေခံပညာအထက်တန်းကျောင်း(ရွှေကုက္ကိုလ်မြိုင်)တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ရာ မြို့နယ် ပညာရေးမှူးဦးမြင့်ဦး၊ ရွှေကုက္ကိုလ်မြိုင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းရွှေနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

ငဖဲမြို့နယ်၌ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာအဆို၊အက၊အရေး၊အတီးပြိုင်ပွဲ တိုင်းဒေသကြီးအဆင့်တွင် ပထမဆုရရှိသူ ကျောင်းသူ(၂)ဦးအား ဂုဏ်ပြုချီးမြှင့်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၌  ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း ကျင်းပပြုလုပ်သည့် မကွေးတိုင်းဒေသကြီးအဆင့် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲတွင် ငဖဲမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် အဆို နှင့်အကပြိုင်ပွဲတွင် ပထမဆုရရှိခဲ့ကြသော ကျောင်းသူ (၂)ဦးအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကိုယနေ့နံနက် ၁၀ နာရီက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ အောင်ဗလကျေးရွာနေ ပြည်သူများသို့ စားသုံးဆီ တစ်ပိဿာလျှင် ၄၉၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေး

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း အစီအစဉ်ဖြင့် ရခိုင်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးသူပြည်သူများသို့ စက်တင်ဘာ ၂၉ ရက်နေ့ ညနေ ၄ နာရီ အချိန် အောင်ဗလကျေးရွာအတွင်း ရောင်းချပေးခဲ့ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။

မြိတ်မြို့တွင် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကျင်းပပြီး မှုခင်းများ စွမ်းစွမ်းတမံ ဖော်ထုတ်ဖမ်းဆီးခဲ့သော တပ်ဖွဲ့ဝင်များအား ဂုဏ်ပြု

(၅၉)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှစ်ပတ်လည်နေ့အခမ်းအနားကို နိုင်ငံတဝှမ်းတွင် ကျင်းပလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ ပုလဲရတနာခန်းမတွင် ယနေ့ နံနက်(၉)နာရီက မြိတ်ခရိုင် ရဲတပ်ဖွဲ့မှ ကြီးမှူးကျင်းပခဲ့ပြီး မှုခင်းများ စွမ်းစွမ်းတမံဖော်ထုတ်ဖမ်းဆီးခဲ့သော ရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုခဲ့သည်။

သီပေါမြို့ မြို့လယ်မဟာသာသနာ့ဗိမာန်တော်ကြီး၌ဖွင့်လှစ်သော ယဉ်ကျေးလိမ္မာသင်တန်းသို့ ကျောင်းသား၊ ကျောင်းသူ (၆၀၀)ဦးခန့် တက်ရောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မြို့လယ်ရပ်ကွက်ရှိ မြို့လယ်မဟာသာသနာ့ ဗိမာန်တော်ကြီးတွင် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိသော ယဉ်ကျေးလိမ္မာသင်တန်းကို ယနေ့နံနက် ၈ နာရီက ဖွင့်လှစ်သင်ကြားပေးခဲ့ရာ မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ (၆၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မိုးနဲမြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်အားကစားနှင့် ကာယပညာ‌ကော်မတီ ဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာအုပ်စုပေါင်းစုံ အမျိုးသား(အလွတ်တန်း)  ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းကို စက်တင်ဘာ ၃၀ ရက် ညနေ ၂ နာရီ ခွဲအချိန်ကပေါ့မိုင်းရပ်ကွက် ရှိ မြို့နယ်ပြည်သူ့အားကစားကွင်းနေရာ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ်၌ ကြောင်မျက်လုံးသီးများ ရောင်းအားကောင်း၍ မိသားစုအပိုဝင်ငွေရရှိ

မြန်မာနိုင်ငံ၏ အရှေ့ဘက်အကျဆုံးမြို့ဖြစ်သော ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကြောင်မျက်လုံးသီး (နှင်းသီး)များ လှိုင်လှိုင်ထွက်ရှိကာ ရောင်းအား ကောင်း၍ ဒေသခံတိုင်းရင်းသားပြည်သူများ မိသားစုအပိုဝင်ငွေ ရရှိကြောင်း သိရသည်။

အယ်လ်နီညိုရာသီဥတုကြောင့် မွေးမြူရေးကဏ္ဍအပေါ်သက်ရောက်နိုင်မှု အသိပညာပေး ရက်သတ္တပတ် ကော့မှူး၌ပြုလုပ်

အယ်လ်နီညိုရာသီဥတု ဖြစ်ပေါ်မှုကြောင့် မွေးမြူရေးကဏ္ဍများအပေါ်သက်ရောက်နိုင်မှုများနှင့် ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ရန်ကုန်တိုင်း ဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ဝါးဘလောက်သောက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to