ဆန်စပါးနှင့် သီးနှံမျိုးစုံ(၃၇၀)ဧက အောင်မြင်စွာ စိုက်ပျိုးရေပေးဝေနိုင်ရေး သင်းဒီးမြောင်းမှ ရေပြွန်(၃)လုံး ပြန်လည်ပြုပြင်ပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့သည် ဆည်၊ မြောင်း၊ ချောင်ကန်ပေါများပြီး စိုက်ပျိုးရေးလုပ်ငန်းများ အဓိကထားလုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာနှစ်တွင် ဆည်ရေသောက်စနစ်ဖြင့် ဆန်စပါးနှင့်သီးနှံမျိုးစုံ(၃၇၀)ဧက အောင်မြင်စွာ စိုက်ပျိုးရေပေးဝေနိုင်ရေး သင်းဒီးမြောင်းမှ ရေပြွန်(၃)လုံးအား ပြန်လည်ပြုပြင်ပေးခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူများ မူးယစ်ဆေးဝါးအန္တရာယ်မှ ကင်းဝေးစေရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် (၉) နာရီအချိန်က လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကံမမြို့နယ်၌ အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း တက်ရောက်နိုင်ရေး ရှင်းလင်းဆွေးနွေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ကံမ)၏ မြဝတီခန်းမ၌ အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း တက်ရောက်နိုင်ရေး ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် (၂)နာရီက ကျင်းပပြုလုပ်ရာ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ဇီးကုန်းမြို့နယ်၊ စာရေးဆရာအသင်းနှင့် စာပေချစ်မြတ်နိုးသူများအသင်းတို့ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်

ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၊ စာရေးဆရာအသင်းနှင့် စာပေ ချစ်မြတ်နိုးသူများအသင်းတို့ပူးပေါင်း၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့ (၁) နာရီက “စာရေးဆရာမ ခင်ဆွေဦး၏ အင်ကြင်းရဂုံ” စာအုပ်အား စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။

လဲချားတွင် ဌာနဆိုင်ရာရုံးများသို့ စာအုပ်၊ စာစောင်များ ကွင်းဆင်းငှားရမ်းပေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာအသုံးချ တတ်စေရန်၊ စဉ်းစားတွေးခေါ်မှုဉာဏ်များ ရင့်သန်လာစေရန်၊ အမှားနှင့်အမှန်ဝေဖန် ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာကြည့်တိုက်သို့ မလာရောက်နိုင်သော စာပေချစ်မြတ်နိုးသူများအတွက် ရည်ရွယ်၍ ယနေ့နံနက် (၁၀) နာရီအချိန်က ဌာနဆိုင်ရာရုံးများအရောက် စာအုပ်၊ စာစောင်များ နယ်လှည့်ကွင်းဆင်းငှားရမ်းပေးခဲ့​သည်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲ ကျင်းပ

၂၀၂၄ခု နှစ်၊ ဇွန်လ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲများကို မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ တရုတ်စုရပ်ကွက်ရှိ အ.လ.က(ခွဲ) (တရုတ်စု)ကျောင်းခန်းမ၌ ဇွန်လ ၁၇ ရက်နေ့ နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့သည်။

လဲချားမြို့တွင် အ​ခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများအား ဆုံဆို့-မေးခိုင် ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လဲချားမြို့ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား/ကျောင်းသူများအား ဆုံဆို့-မေးခိုင်ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သရက်မြို့၌ စက်မှု၊ စိုက်ပျိုး၊ မွေးမြူအထက်တန်းကျောင်းသို့ တက်ရောက်လိုသည့် ကျောင်းသား/ကျောင်းသူများအား လမ်းညွှန်ဟောပြော

မကွေးတိုင်းဒေသကြီး သရက်မြို့၌ စက်မှု၊ စိုက်ပျိုး၊ မွေးမြူအထက်တန်းကျောင်းသို့ တက်ရောက်လိုသည့် ကျောင်းသား/ကျောင်းသူများအား လမ်းညွှန်ဟောပြောခြင်း အခမ်းအနားကို ဇွန်လ ၁၇ ရက်နေ့နံနက်(၁၀)နာရီက အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ရွှေတောင်မြို့နယ်၊ မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးကြီးကြပ်မှုကော်မတီမှ မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးသည့် ဒေသခံတောင်သူများနှင့်တွေ့ဆုံ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ယမန့်နေ့ နံနက်ပိုင်းက ရွှေတောင်မြို့နယ် မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးကြီးကြပ်မှုကော်မတီမှ မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးသည့် ဒေသခံတောင်သူများနှင့် မြေပြင်ကွင်းဆင်း၍တွေ့ဆုံ ဆောင်ရွက်ခဲ့သည်။

သရက်မြို့၌ ၂၀၂၄-၂၀၂၅ ခုနှစ်၊ သရက်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးရှိ တပ်ဖွဲ့ဝင်/စာရေးဝန်းထမ်းများ၏ သားသမီးများအား ပညာသင်ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ၂၀၂၄-၂၀၂၅ ခုနှစ်၊ သရက်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးရှိ တပ်ဖွဲ့ဝင်/စာရေး ဝန်ထမ်းများ၏ သားသမီးများအား ပညာသင်ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် (၁၁)နာရီက သရက်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
Subscribe to