လိပ်သိုမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး Mobile စနစ်ဖြင့် ဌာနဆိုင်ရာရုံးများသို့ စာအုပ်များငှားရမ်းပေး
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ၊ အလုပ်တာဝန်များကြောင့် စာကြည့်တိုက်သို့ စာအုပ်စာစောင်များ လာရောက်မငှားရမ်းနိုင်သော ဝန်ထမ်းများ စာအုပ်ငှားရမ်းဖတ်ရှုနိုင်ရန်၊ စာပေ လေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိရန်၊ စာပေမှရရှိသည့် ဗဟုသုတများ တိုးပွားစေရန်အတွက် ယနေ့နံနက်ပိုင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ စာအုပ်/ စာစောင်များ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။